ဖလမ်းမြို့နယ်တောင်ပိုင်းကရွာနှစ်ရွာ လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရလို့ အရပ်သား ဆယ်ဦးဒဏ်ရာရ

သြဂုတ် ၊ ၁၂

ချင်းပြည်နယ် ဖလမ်းမြို့နယ်တောင်ဘက်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်လို့ အရပ်သားဆယ်ဦး ဒဏ်ရာရသွားသလို ခရစ်ယာန်ဘုရား ကျောင်းအပါအဝင်အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီးသွားပါတယ်။

“ ၁၁(နာရီ)လောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်၊ရွာထဲကျလို့ ခုနစ် ဦးလောက်ထိသွားတယ်၊ဒီဘက်မှာ ဘာ တိုက်ပွဲမှမရှိဘဲနဲ့ အကြောင်းမဲ့ ပစ်တာပေါ့နော်၊လက်နက်ကြီးလို့ပစ်ထိတဲ့လူတွေလည်း ရှိတယ်၊အရမ်းတော့ မစိုး ရိမ်ရဘူးပြောတယ် ” လို့ ချင်းအမျိုးသားအဖွဲ့ချူပ် (CNO ၊ CNDF ) တပ်မဟာ (၂) ကပြောခွင့်ရသူတဦးက DNA ကိုပြောပါတယ်။

ဖလမ်းမြို့တောင်ဘက် ၂၂မိုင်ဝန်းကျင်အကွာ ဖလမ်း-ဟားခါးလမ်းပေါ်က ရမ်ထလိုရွာနဲ့ အဲ့ဒီရွာအနီးက ဆွန်တ လာရွာတို့ဘက်ကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကနေ လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရမ်ထလိုရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားလို့ အဲဒီကျေးရွာက ဒေသခံ အမျိုးသား သုံးဦး နဲ့ အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းနဲ့ ပြည်သူပိုင် အဆောက်အဦသုံးလုံးလည်း လေကြောင်း ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတယ်လို့ ချင်းအမျိုးသားအဖွဲ့ချူပ် (CNO ၊ CNDF ) တပ်မဟာ(၂) ပြောခွင့်ရ သူကဆိုပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုမလုပ်ခင် ဒီကနေ့ မနက် ရှစ်နာရီဝန်းကျင်ကလည်း ဖလမ်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်ဖွဲလက်အောက်ခံ ခလရ-၂၆၈ က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်  ဆွန်တလာကျေးရွာထဲ ကျရောက်ခဲ့ပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးခြေထောက်၊ ကျောပြင်နဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာတွေ ရခဲ့တယ် လို့ သိရပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုခံရတဲ့နေရာတွေမှာ ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်နေတာမရှိဘဲ ဖ လမ်းမြို့အခြေစိုက် ခလရ-၂၆၈တပ်စခန်းကိုတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသ တွင်းသတင်းဌာနတချို့ကဖော်ပြထားပါတယ်။

ဒီကနေ့မနက်ပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က တဦး ကျဆုံးခဲ့သလို စစ်ကောင် စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး အရေအတွက် အတိအကျ မသိရသေးပေမယ့် လက်နက်ခဲ ယမ်း သိမ်းဆည်းရရှိတာတွေတော့ရှိတယ်လို့ CNO /CNDF တပ်မဟာ(၂) ပြောခွင့်ရကဆိုပါတယ်။

ဖလမ်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက အနီးအနားကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အခုလိုပဲ မကြာခဏဆိုသလို ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

photo social media