လယ်ယာလုပ်ငန်းခွင်ထဲက ရှစ်လေးလုံးနေ့လှုပ်ရှားမှု

သြဂုတ်၊ ၈
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကောက်စိုက်၊ ပျိုးနှုတ် တောင်သူတွေက ဒီကနေ့ ၃၅ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဆန္ဒပြလှုပ်ရှားမှု လုပ်ခဲ့ကြတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ကဖော်ပြထားပါတယ်။
 
လယ်ယာလုပ်ငန်းခွင်ထဲက တောင်သူတွေဟာ “ NUG အစိုးရ ဒို့အစိုးရ ” ၊ “ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ဒို့အရေး ” ၊ “ ၈၈က အချိုးတွေ ငါတို့ခတ်မှာ လာမချိုးနဲ့ ” ၊ “ အညာဖက်ဒရယ် အောင်ရမည် ” စတဲ့ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြသလို၊ “ အနာဂါတ်ဖက်ဒရယ်သစ်ဆီ ချီတက်ကြမည် ” ၊ “ အရေးတော်ပုံ အောင်ရမည် ” စတဲ့ စာတန်းတွေလည်း ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး