အင်းစိန်ထောင်ရှေ့မှာ လွတ်ငြိမ်းမျှော်နေကြသည်

သြဂုတ်၊ ၁
 
ဒီကနေ့ ဩဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် အကျဉ်းကျသူတွေရဲ့ မိသားစုဝင်တွေက ဒီကနေ့မနက်ပိုင်းကစလို့ ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။
 
ဒီကနေ့ဟာ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်တာကြောင့်လည်း စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးမယ်လို့ မိသားစုဝင်တချို့က မျှော်လင့်နေကြတာပါ။ စစ်ကောင်စီဘက်ကတော့ ဒီကနေ့ နေ့လယ် ၁၁ နာရီခွဲအထိ ထုတ်ပြန်ချက်တစုံတရာ ထုတ်ပြန်တာ မတွေ့သေးပါဘူး။
 
” လူကတော့ ၂၀၀ လောက်ရှိတယ်။ တချို့ကတော့ တီဗီမှာ ကြေညာတယ်ဆိုပြီး လာကြတာပဲ။ မနက်တော်တော်စောစောထဲက ရောက်နေကြတာ ” အကျဉ်းကျနေတဲ့ မိသားစုဝင်ကို စောင့်ဆိုင်းနေသူတဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်ထောင်စုနေ့၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့ လိုအခါကြီးရက်ကြီးတွေမှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတာ ၁၂ ကြိမ်ထက်မနည်း ရှိနေကာ လူပေါင်း ၇၅,၁၉၅ ဦးရှိခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၇၅,၄၂ ဦးသာ ပါဝင်ခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင့်ရေးအသင်း AAPP ရဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးထားသူပေါင်း ၁၉၇၃၃ ဦးဟာ အကျဉ်းထောင်တွေထဲမှာ ဆက်လက်အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။