စစ်ကောင်စီရဲ့ အောင်ဘာလေအွန်လိုင်းထီအပါအဝင် ထီလက်မှတ်စောင်ရေသန်းချီရောင်းမထွက်

ဇူလိုင်၊ ၃၁

စစ်ကောင်စီရဲ့ အွန်လိုင်းထီ စနစ် စတင်ပြီးနောက် ဒုတိယမြောက်လဖြစ်တဲ့အခုလမှာလည်း အောင်ဘာလေ အွန် လိုင်းထီနဲ့ ပုံနှိပ်ထီလက်မှတ်စောင်ရေ သန်းနဲ့ချီရောင်းမကုန်ခဲ့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်း အ ခွန်များဦးစီးဌာနရဲ့ထုတ်ပြန်ချက်စာရင်းအရသိရပါတယ်။

စစ်ကောင်စီက အောင်ဘာလေအွန်လိုင်းထီကို ပြီးခဲ့တဲ့လကစတင်ဖွင့်လှစ်ခဲ့ပြီး အခုဒုတိယအကြိမ်ထပ်မံဖွင့် လှစ် ရာမှာလည်း ရောင်းအားသိသိသာသာတက်မလာဘူးလို့ ထီကိုယ်စားလှယ်တွေကပြောပါတယ်။

“ဒီလလည်းလက်ကျန်တွေပုံတာပဲ၊အွန်လိုင်းထီလည်းရောင်းအားသိပ်တက်လာပုံမရဘူး၊ပြီးခဲ့တဲ့လကထက် ရောင်း ရငွေပိုရတယ်ဆိုပေမယ့် ထုတ်တဲ့အက္ခရာအလုံးရေနဲ့တွက်ရင်ပြောပလောက်တဲ့ပမာဏမဟုတ်ဘူး”လို့ ထီကိုယ် စားလှယ်တဦးကပြောပါတယ်။

စစ်​ကောင်စီအ​နေနဲ့ အခုလမှာလည်း ပြီးခဲ့တဲ့လကလို “က” အက္ခရာကနေ “စ”အက္ခရာအထိ ပုံနှိပ်ထီ အက္ခရာ ခြောက်လုံး၊ “ဆ”အက္ခရာကနေ “ဌ”အက္ခရာအထိ အွန်လိုင်ထီအက္ခရာခြောက်လုံးထုတ်ရောင်းခဲ့ပြီး ရောင်းရ ငွေ ကျပ်သန်း ၅၃၀၀ ကျော်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အလားတူ အက္ခရာ ၁၂လုံးထုတ်ရောင်းခဲ့ရာမှာ ရောင်းရငွေ ကျပ်သန်း ၅၁၇၆သန်းကျော် ရှိခဲ့တာ ကြောင့် ဇူလိုင်လမှာ ကျပ်သန်း ၁၃၀ ကျော်(သိန်း၁၃၀၀ ကျော်) တိုးလာတာဖြစ်ပါတယ်။

ဒါပေမယ့် ထီအက္ခရာတလုံးရဲ့ထီလက်မှတ်အကုန်ရောင်းချရင်ရရှိမယ့်ငွေဟာ ကျပ်သိန်း ၉၀၀၀ နီးပါးရှိတာ ကြောင့်ဇူလိုင်လရဲ့တိုးလာတဲ့ထီလက်မှတ်ရောင်းအားဟာ ထီအက္ခရာတစ်လုံးစာတောင်မရှိဘူးလို့ ထီလုပ် ငန်း ကျွမ်းကျင်သူတွေကတွက်ပြပါတယ်။

“သေချာတာတော့ လက်ကျန်က အရင်လလိုဘဲ ပုံနေတယ်၊ သူတို့မျှော်မှန်းတဲ့ရောင်းအားပမာဏမပြည့်ဘူး၊ ထီ စျေးကွက်က အွန်လိုင်းထီထုတ်လို့ဆိုပြီးတော့ ဘာလှုပ်ခတ်မှုမှမရှိဘူး”လို့ ဝါရင့်ထီကိုယ်စားလှယ်တဦးက ပြောပါ တယ်။

စစ်ကောင်စီအနေနဲ့ အွန်လိုင်းထီစတင်တဲ့နှစ်လဆက်တိုက်မှာ ထီအက္ခရာ ၁၂လုံး တိုးပြီးရောင်းချခဲ့ပေမယ့် အမှန် တကယ်ရောင်းရတာက အက္ခရာခြောက်လုံးစာနီးပါးသာရှိပြီး ထက်ဝက်လောက်က ရောင်းမကုန်ထီတွေ ဖြစ်ကုန်တာဖြစ်ပါတယ်။

ထီအက္ခရာတလုံးမှာ ထီလက်မှတ်စောင်ရေ ကိုးသိန်းနီးပါးရှိတာကြောင့်အက္ခရာခြောက်လုံးစာနီးပါး ရောင်းမကုန် တဲ့အတွက် ထီလက်မှတ်စောင်ရေ ငါးသန်းကျော် လက်ကျန်ရှိခဲ့တာလည်းဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်က အောင်ဘာလေသိန်းဆုဌာနအနေနဲ့လစဥ် ထုတ်ဝေရောင်းချတဲ့ ထီအက္ခရာအလုံးရေ ၄၀ ကျော်နဲ့ယှဥ်ရင် လက်ရှိရောင်းအားဟာ ပြောပလောက်စရာမရှိဘူးလို့လည်း ထီဝါသနာရှင်တွေကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်သူအများစုက စစ်ကောင်စီထံ ဝင်ငွေမစီးဆင်းစေဖို့အတွက် အောင်ဘာလေ ထီ ထိုးတာမလုပ်တော့တဲ့နောက် ထီရောင်းအားတရှိန်ထိုးကျဆင်းသွားခဲ့တာပါ။

ထီရောင်းအားကျဆင်းခဲ့တဲ့အတွက် အရင်က အမြင့်ဆုံးကျပ်သိန်း ၁၅၀၀၀ ဆု ချီးမြှင့်ခဲ့ရာက စစ်ကောင်စီလက် ထက် အောင်ဘာလေထီဟာ ကျပ်သိန်း ငါးထောင်သာ အမြင့်ဆုံးပေးနိုင်ပါတော့တယ်။ဒါ့အပြင် ထီဆုကြီးတချို့ ကိုလည်း လျှော့ချထားပါသေးတယ်။

ဒါပေမယ့်စစ်ကောင်စီက ထီရောင်းအားပြန်တက်ဖို့အတွက် ရောင်းရငွေရဲ့ ၆၀ ရာခိုင်နူန်းကို ဆုငွေခွဲပေးရာကနေ ၇၀ ရာခိုင်နူန်းတိုးပြီးဆုငွေခွဲပေးတာ၊ အက္ခရာနဲ့ဂဏန်းတလုံးတူဆုထပ်တိုးပေးတာ၊ အွန်လိုင်းထီစနစ်အသုံးပြုပြီး ဆွဲဆောင်တာတွေလုပ်ခဲ့ပြီးအဲ့ဒီနည်းလမ်းတွေကလည်း အလုပ်မဖြစ်ဘူးလို့ ထီကိုယ်စားလှယ်တွေကပြော ပါတယ်။

လက်ရှိမှာ အောင်ဘာလေထီကိုစစ်ကောင်စီထောက်ခံသူတွေ၊ စစ်တပ်နဲ့ ဌာနဆိုင်ရာ Non CDMဝန်ထမ်းတွေ ဟာ လစဥ်မဖြစ်မနေထိုးနေကြရတယ်လို့လည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေ ဆီကသိရ ပါတယ်။

လက်ရှိမှာ NUG အစိုးရက CDM ဝန်ထမ်းတွေကို ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ နွေဦးထီ ကိုလည်း အွန် လိုင်း စနစ်နဲ့လည်ပတ်နေပြီး မျှော်မှန်းထားသလောက်တော့ အောင်မြင်မှုမရသေးဘူးလို့ NUGရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေး ဝန်ကြီး ဦးတင်ထွန်းနိုင်က DNA ကိုပြောထားပါတယ်။

အလားတူ တအာင်းဒေသမှာလည်း တအာင်းအမျိုးသား ပညာရေးကော်မတီရန်ပုံငွေအဖြစ် ဖွင့်လှစ်ရောင်း ချနေတဲ့ တအာင်းထီကိုလည်း ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက စတင်လည်ပတ်နေပါတယ်။