ကိုဗစ်ကူးစက် ခံထားရတဲ့ ထိုင်ဝမ် သမ္မတ

ဇူလိုင်၊ ၂၅

ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်ဟာ ကိုဗစ်ရောဂါ စွဲကပ် ခံစားနေရကြောင်း အစိုးရက အတည်ပြု ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်က သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဆိုင်ဟာ ဆေးစစ်ရလဒ်အဖြေ Positive ဖြစ်ခဲ့တဲ့နောက် လာမယ့် ရက်ပိုင်းအတွင်း လူအများနဲ့ တွေ့ဆုံမယ့် အစီအစဉ်တွေကို ဖျက်သိမ်းထားမယ်လို့ သိရပါတယ်။

သမ္မတဟာ အနည်းအကျဉ်းလောက် နေထိုင်မကောင်းလို့ ဆေးစစ်မှု ခံယူခဲ့တဲ့အခါ ကိုဗစ်ရောဂါ စွဲကပ်နေတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့တာလို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ဆိုင်ရဲ့ ရောဂါလက္ခဏာတွေက အပျော့စား အဆင့်လောက်သာ ရှိတယ်လို့လည်း ဆိုပါတယ်။

ဆိုင်ဟာ လောလောဆယ် လူအများနဲ့ ခွဲခြားနေထိုင်ပြီး ကျန်းမာရေး ပညာရှင်တွေက သေချာ စောင့်ရှောက် ကုသပေးနေတယ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ်ဖက်ကို အင်အားပြင်း စူပါဆိုင်ကလုန်း မုန်တိုင်းကြီးတခု ဦးတည်လာနေတဲ့ အခြေအနေမှာ ဆိုင်က အလုပ်တာဝန်တွေကနေ မဖြစ်မနေ ယာယီ အနားယူထားရတာ ဖြစ်ပါတယ်။

Category 4အဆင့် တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီဟာ ထိုင်ဝမ်တောင်ပိုင်းနဲ့ ဖိလစ်ပိုင်တို့ကို ဖြတ်ကျော် တိုက်ခတ်မယ်လို့ ခန့်မှန်းရပါတယ်။ မုန်တိုင်းကြောင့် ထိုင်ဝမ်ဟာ ဇူလိုင် ၂၅ ရက်မှာ စတင်မယ့် နှစ်စဉ် ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုတွေကိုပါ ဖျက်သိမ်းခဲ့ရပါတယ်။

ဆိုင်က မုန်တိုင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အစီအမံတွေကို ထိထိရောက်ရောက် ကြိုတင် ဆောင်ရွက်ထားဖို့ ဝန်ကြီးချုပ် ချန်ချိန်ဂျန်ကို ညွှန်ကြားထားကြောင်းလည်း သမ္မတရုံးက ကြေညာသွားပါတယ်။

 

Ref: CNA