ဇူလိုင်၊ ၂၄
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တမိုင်တောင်အနီးမှာ မနေ့က ညနေ လေးနာရီလောက်က ကားအကြီး သုံးစီးနဲ့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ ပူရိယက္ခညီ နောင်စစ် ကြောင်းပြန်ကြားရေးတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
ပုလောမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၈၅ ကနေ ပုလောကုန်းရွာကိုလာတဲ့ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေကို စစ်ပြင်ကြီးရွာနဲ့ ပုလောကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားတစီးကတော့ လမ်းဘေး ထိုးကျသွားခဲ့တယ်လို့ အဲ့ဒီစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။
“လမ်းဘေးထိုးကျသွားတဲ့ ကားကိုတော့ ဒီနေ့(ဇူလိုင် ၂၄)အထိ ပြန်လာမယူသေးဘူး၊ထိခိုက်တာက အဲကားပေါ် ပါလာ တဲ့သူတွေ မိုင်းနဲ့ ထိတာ၊ သူတို့ဘက်က ထိခိုက်မှုရှိတာကိုတော့ကျွန်တော်တို့ မြင်ခဲ့ရတာ၊ မိုင်းဆွဲပြီးကျွန် တော်တို့ ပစ်ခတ်မှုလည်းဖြစ်သေးတယ်” လို့ ပူရိယက္ခညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောပါ တယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တဲ့အပြင်ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ နှစ်ဘက် ထိခိုက်မှုအခြေအနေတွေကို DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုလောကုန်းရွာကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရ ပါတယ်။ အဲဒီနောက် ညနေ ၆ နာရီလောက်မှာတော့ ပုလောကုန်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက် နက်ကြီး၊ စက်သေနတ်တွေနဲ့ သွားရောက် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် တွေဘက် က ပြောပါတယ်။
ပုလောမြို့နဲ့ ငါးမိုင်ကျော်အကွာက ပုလောကုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်း တပ်စခန်းချထားပြီး အဲဒီရွာနဲ့ ကပ်လျက် နတ်အိမ်တောင်ရွာကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ် ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်က အဲဒီ နတ်အိမ်တောင်ရွာမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ နေအိမ်ငါးလုံးနဲ့ ဥယျာဥ် ခြံတခြံကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ကြေညာပြီး ချိတ်ပိတ်ခဲ့ ပါသေး တယ်။
အလားတူပဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်ညကလည်း ပုလောကုန်းရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ နေထိုင် တဲ့ နေအိမ်ကို ပူရိယက္ခညီနောင်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တနာရီဝန်းကျင်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။