ပုသိမ်မြို့ခံ လူငယ်တဦး မြစ်ကူးတံတားသစ်ပေါ်က ခုန်ချသေကြောင်းကြံ

ဇူလိုင် ၂၂

ဧရာဝတီတိုင်း၊ပုသိမ်မြို့က အမှတ်(၂) ပုသိမ် မြစ်ကူးတံတားသစ်ပေါ်ကနေ မနေ့က ညပိုင်းက လူငယ်တဦး ခုန်ချသေကြောင်းကြံခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြတယ်လို့ ပုသိမ်မြို့ခံတွေကပြောပါတယ်။

“တံတားပေါ်က လူငယ်နှစ်ယောက် ကယ်ကြပါဦး၊ ကူကြပါဦး ရေထဲ ခုန်ချသွားလို့အော်ပြီး ပြေးဆင်းလာတယ်၊ ပြီး တော့သူတို့ကိုယ်တိုင် မြစ်ထဲဆင်းဆယ်ဖို့လုပ်တယ်၊ခုန်ချသွားတဲ့သူကပေါ်မလာတော့ဘူးလေ၊အဲ့တော့ ကမ်း နား မှာရှိတဲ့သူတွေ ကဝိုင်းဆွဲထားရတယ်”လို့ မျက်မြင်တွေ့ခဲ့သူတဦးက DNA ကို ပြောပါတယ်။

ပုသိမ် မြစ်ကူး တံတားသစ် ပေါ်က ခုန်ချသွား တဲ့ လူငယ်ဟာ အသက် ၂၄ နှစ် အ ရွယ်ရှိ ကိုပြည့်ဖြိုး အောင် (ကိုအပြည့်)ဆိုသူဖြစ်ပြီး အမှတ် ၁ ရပ်ကွက် ကိုးသောင်းကွက်သစ် ၄ လမ်းမှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

မြို့ခံ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို မြစ်အတွင်း ရှာဖွေနေကြပေမယ့် ဒီကနေ့ နေ့လယ်ပိုင်းအထိတော့ ရှာမ တွေ့သေးလို့လည်း ပုသိမ်မြို့ခံတွေကပြောပါတယ်။

ကိုပြည့်ဖြိုးအောင် ခေါ်(ကိုအပြည့်) ဟာ ပြီးခဲ့တဲ့ခြောက်လလောက်ကမှ တခြားနယ်ကအမျိုးသမီးတဦးနဲ့ အိမ် ထောင်ကျခဲ့ပြီး အမျိုးသမီးရဲ့ မိဘတွေက သဘောမတူလို့ဆိုကာ ပြန်ခေါ်သွားတာကြောင့် စိတ်ထိခိုက်နေပုံရ တယ်လို့ တရပ်ကွက်တည်းနေထိုင်ကြသူတွေကပြောပါတယ်။

“ကိုအပြည့်နဲ့ သူ့ကောင်မလေး က နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြတာ၊လက်ထပ်တဲ့နေ့ကသူငယ် ချင်းတွေ ကိုလက် ဖက်ရည်တိုက်ပြီးပွဲလုပ်တယ်၊သူတို့လင်မယား သိပ်ချစ်ကြတယ်၊မိဘတွေက သဘောမတူဘူး ဆိုပြီး သူ တို့ကို ခွဲလိုက်တာ”လို့ ကို့ပြည့်ဖြိုးအောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းတွင်းရှိ ပုသိမ်မြစ် (ငဝန်မြစ်) ကို ဖြတ်ပြီး အနောက်ဖက် ကမ်းကို ဆက်သွယ်ထားတဲ့ တံတား သုံး စင်း အနက် ငသိုင်းချောင်း တံတား၊ ပုသိမ်ကြိုးတံတား ပေါ်မှာ လူခုန်ချသေဆုံးမှုတွေ ဖြစ်ခဲ့ဘူးပါတယ်။

ဒါပေမယ့် အမှတ်၂ ပုသိမ် တံတားသစ် ကတော့ တည်ဆောက်ပြီးနောက်သုံးနှစ် အကြာမှာ အခုလိုပထမဆုံး အကြိမ် လူခုန်ချ သေကြောင်း ကြံမှုဖြစ်ခဲ့တာပါ။