ကျောင်းသားတွေထံ က အတင်းအကြပ် ပိုက်ဆံ ကောက်ခိုင်းတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သစ်တိုင်ကြားခံရ

ဇူလိုင် ၁၀

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက် ရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးသစ် ဟာ ကျောင်းသားတွေ ထံက အ ကြောင်း အမျိုးမျိုးပြပြီး ရံပုံငွေကောက်ခံလို့ ကျောင်းသား မိဘတွေ က စစ်ဒေသ နယ်မြေမှူးထံ ပြီးခဲ့တဲ့ ဇူ လိုင်လ ၇ ရက် က တိုင် ကြားလိုက်တယ်လို့ သိရပါတယ်။

ပုသိမ်မြို့ ၊အမှတ် ၁၂ ရပ်ကွက် ရေကြည်ဦး ကွက်သစ် မှာရှိတဲ့ အမှတ် (၂၀၂ )အစိုးရ မူလတန်းကျောင်း မှာ တက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသား ၊ကျောင်းသူတွေ ထံကနေ အုပ်ချုပ်ရေးမှူးသစ် ဦး စိုးမြင့် ဆိုသူ က ကျောင်းအုပ်ကြီး ကို ဖိအားပေးပြီး ကို လစဉ်ငါးထောင်ကျပ်စီ ကောက် ခံခိုင်းနေတာ လို့ ဆိုပါတယ်။

“ကျောင်းဆောင်သစ်ဆောက်ဖို့  အဆောင်တိုးချဲ့ ကျောင်းပရိဘောဂ အတွက် သန့်ရှင်းရေး အတွက် ကျောင်း ဖွံ့ဖြိုးရေး လုပ်ငန်း အတွက်ဆိုပြီး ကောက်တာ၊ ကျောင်းအပ်တုန်း တကြိမ်ပဲ ပေးရမယ် ထင်ပြီး ငါးထောင် ကျပ် ပေးခဲ့တယ်။ အချို့မိဘတွေဆို အဲ့နေ့က ငါးထောင်ကျပ် မပေးနိုင်သေးလို့ မအပ်ဖြစ်ခဲ့ ဘူး။ အခု ဇူလိုင်လကြတော့ ထပ်ကောက်ပြန်တယ်” လို့ ကျောင်း သားမိဘ တဦး က DNA ကိုပြောပါတယ်။

ကျောင်းသားမိဘတွေက စစ်ဒေသ နယ်မြေမှူးထံ သွားရောက် တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်ပေးတာ ၊တားဆီးပေး မ ရှိတာကြောင့် ပုသိမ်မြို့ နယ် စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့ ထံဆက်ပြီးတိုင်ကြားမယ် လို့ဆက်သိရပါ တယ်။

အဲ့ဒိကျောင်း က ဆရာ မတွေနဲ့ နီးစပ်သူတွေ ပြောတာကတော့ အုပ်ချုပ်ရေးမှူး က သူနဲ့ မသင့်မြတ်တဲ့ အဆင်မပြေ တဲ့သူတွေ ကို မမှန်သတင်း လုပ်ကြံပြီး စစ်တပ်ကို သတင်းပေး လေ့ရှိတာကြောင့် ကျောင်း အုပ်ကြီး က အုပ်ချုပ်ရေးမှူး ကိုကြောက်ပြီး ပိုက်ဆံကောက်ပေး နေရတာလို့ ဆိုပါတယ်။

“အတော်ရွံစရာ ကောင်းတဲ့သူပါ၊ သူက စစ်ကောင်စီ ကို ငွေ ၁၆ သိန်းပေးပြီး အုပ်ကြီး ဖြစ်လာတာ စစ်တပ်ကို မမှန်သတင်းတွေ ပေးပြီး ပြသနာ အမျိုးမျိုး ရှာနေတော့ ရပ်ကွက်ထဲက မိသားစု တွေ ရင်တထိတ်ထိတ် ဖြစ်နေရတယ်” လို့ အဲ့ဒိရပ်ကွက် မှာ ရှိတဲ့ အသက် ငါးဆယ် ခန့်ရှိ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

အုပ်ချုပ်မှူး ဦးစိုးမြင့် က ဒီချုပ်ပါတီဝန်းရံသူတွေ နဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တွေကိုသာမက သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ ရာအိမ်မှူးတွေ ၊ ပြည်ခိုင်ဖြိုး ပါတီ စည်းရုံးမှူး အချို့ ၊အမျိုးသမီးရေးရာ အ ဖွဲ့ဝင်အချို့ကို PDF နဲ့ အဆက်သွယ် ရှိတယ် ဆိုကာ မမှန်သတင်း တွေ လုပ်ကြံပြီး စစ်တပ်ကို သ တင်း ပေးတာကြောင့် ကျီးလန့်စာစား ဖြစ်နေရတယ် လို့ ရပ်ကွင်းနေထိုင်သူ အများစု က ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး လည်းဖြစ် ရပ်ကွက်အတွင်းရှိ စေတီရဲ့ ဂေါပက အဖွဲ့ဝင် တဲ့ ဦးစိုးမြင့် ဟာ အသက် ခုနှစ်ဆယ် ဝန်းကျင် ရှိပြီး ယခင် က ပြည်ခိုင်ဖြိုး ပါတီဝင် ဖြစ်ခဲ့ ပေမယ့် ၂၀၁၅ ခုနှစ်နဲ့ ၂၀၂ဝပြည့်နှစ် ရွေးကောက်ပွဲမှာ ဒီချုပ်ပါ တီ မဲအောင်နိုင်ရေး အတွက် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ကာ ရပ်ကွက်ဖွံ့ဖြိုးမြေ  တ ဧက ကျော်ကို အိမ် ယာကွက် ရိုက်ပြီး ရောင်းချခဲ့တာ‌ ကြောင့် ရပ်ဖိရပ်ဖတွေ က သက်ဆိုင်ရာ ကို တိုင်ကြားထားတယ် လို့ သိရပါတယ်။