ထိုင်းအာဏာပိုင်တွေလွှဲပေးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီက မော်လမြိုင်စစ်ကြောရေး ကနေ ထပ်မံပြောင်းရွှေ့

ဇူလိုင် ၊ ၆

မော်လမြိုင်မြို့က စစ်ကြောရေးတခုမှာ ဖမ်းဆီးချပ်နှောင်ခံထားရတဲ့ Lion Battalion Commando တပ်ဖွဲ့က PDF တပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီက တခြားဒေသစစ်ကြောရေးတခုဆီအခုရက်ပိုင်းအတွင်း ထပ်မံရွှေ့ပြောင်း ပို့ ဆောင်လိုက်တယ်လို့ DNA က စုံစမ်းသိရှိရပါတယ်။

“တချို့သိချင်တဲ့ကိစ္စကို မေးလို့မရဘူးလို့ကြားတယ်၊တချို့သူတို့ပြောပြလိုက်တဲ့ အကြောင်းအရာတွေတော့ ရှိ တယ်၊ တကယ်တမ်းလိုချင်တဲ့အချက်အလက်ကို မေးလို့မရတဲ့အတွက် စစ်တပ်က အကြီးအကဲတွေက သူတို့သုံး ဦးကို တခြားနေရာကို လွဲပြောင်း ခိုင်းလိုက်တာလို့ သိထားရတယ်” လို့ မွန်ပြည်နယ်စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဌာနဆိုင်ရာ အရာရှိတဦးက ပြောပါတယ်။

ဒါပေမယ့် သူတို့သုံးဦးလုံးကို တခြားစစ်ကြောရေးကို လွှဲပြောင်းပေးလိုက်တဲ့ နေ့ရက် မတူညီသလို လွှဲပြောင်း ပေး လိုက်တဲ့ နေရာတွေလည်း မတူညီဘူးလို့ အဲဒီ အရာရှိက ဆိုပါတယ်။

“တယောက်တနေရာစီလို့ ကြားထားတယ်၊ ဒါတော့ အတိအကျ အတည်မပြုနိုင်ဘူးပေါ့” လို့သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလပထမအပတ်က မော်လမြိုင်မြို့ စစ်ကြောရေးကို လွှဲပြောင်းခံလိုက်ရတဲ့အချိန်မှာ ကိုသီဟဆိုသူက ဒဏ်ရာပြင်းထန် ရရှိထားပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ဒဏ်ရာကနေ ပြန်လာသက်သာလာပြီလို့လည်း ဆိုပါ တယ်။

ဒါပေမယ့် သူတို့သုံးဦးလုံးဟာ နေ့စဉ်နဲ့အမျှ ညှင်းပမ်းနှိပ်စက်ခံနေရဆဲဖြစ်ပြီး စစ်အာဏာပိုင်တွေက အစားအ သောက်နဲ့ ရေဖြတ်တောက်ထားတဲ့နေ့မျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commandoတပ်ဖွဲ့က ဒုတိယစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေး တာဝန်ခံ ကိုထက်နေဝန်းနဲ့ တပ်ဖွဲ့ဝင် စောဖြိုးလေးတို့သုံးဦးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဆေးလာကုရင်းနဲ့ လမ်းမှားပြီး ဘန်ကောက်သွားလမ်းပိုင်းကို ရောက်ရှိသွားတာကြောင့် ဧပြီလ ၁ ရက်မှာ ထိုင်းစစ်တပ်လုံခြုံ ရေး တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းအာဏာပိုင်တွေက ကရင်နယ်ခြားစောင့်တပ်(BGF)ဆီ လွှဲပြောင်းပေးခဲ့ပြီး အဲဒီကနေတဆင့် စစ် ကောင်စီလက်ထဲရောက်သွားခဲ့ပါတယ်။

 သူတို့သုံးဦးကို မော်လမြိုင်မြို့က စစ်ကြောရေးတခုမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင်က စစ် ဆေးမေးမြန်း တာတွေ လုပ်ခဲ့တယ်လို့ ဒီအခြေအနေကို သိတဲ့ မွန်ပြည်နယ်စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဌာနဆိုင်အရာ အရာရှိတဦးက DNA ကို အတည်ပြု ပြောဆိုထားပါတယ်။

 သူတို့သုံးဦးကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီးနောက် အကြမ်းဖက်ဥပဒေပုဒ်မမျိုးစုံနဲ့ စစ်ကောင်စီက အမှုဖွင့် ထားပြီး မော်လမြိုင်စစ်ကြောရေးကနေ တခြားတိုင်းတခုက စစ်ကြောရေးကို ပြီးခဲ့တဲ့တပတ်ဝန်းကျင်က လွှဲ ပြောင်းပေးလိုက်တာဖြစ် တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်ထဲရောက်သွားတဲ့အဲ့ဒီ Lion Battalion Commandoတပ်ဖွဲ့ဝင်သုံးဦးနဲ့ပတ်သက်လို့ တဦးသေဆုံး သွားကြောင်း သတင်းတွေလည်းထွက်ပေါ်ခဲ့ပါသေးတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲ့ဒီ PDF တပ်ဖြွ့ဝင်သုံးဦးဟာ တဦးမှ သေ ဆုံးခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်ကBBC မြန်မာပိုင်းကို ဖြေဆိုထားပြီး အဲဒီနောက်ပိုင်းမှာတော့ သူတို့သုံးဦး နဲ့ပတ်သက်ပြီး တစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိပါဘူး။

ဒီအခြေအနေကို သိရှိနိုင်ဖို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို DNA က တယ်လီ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ PDF ရဲဘော်သုံးဦးရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando ဗျူဟာစစ်ကြောင်းကိုလည်း မေးမြန်းခဲ့ပေမယ့် သက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတွေကို ပြန်လည် ချိတ်ဆက်ပေးမယ်လို့သာအကြောင်းပြန်ပါတယ်။

အဲ့ဒီတော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကိုစစ်ကောင်စီလက်အောက်ခံ BGF ဆီလွှဲပေးလိုက်တာနဲ့ပတ်သက်ပြီး အမျိုး သားညီညွတ်ရေးအစိုးရ NUG က ထိုင်းအာဏာပိုင်တွေကို ထုတ်ပြန်ဝေဖန်ခဲ့ပါသေးတယ်။ဒီလုပ်ရပ်ဟာစစ် ကောင်စီရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် ထိုင်းနိုင်ငံကို ရွေ့ပြောင်းခိုလှုံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်ထားတာဖြစ်တယ်လို့ NUG က ဆိုထားတာပါ။