ဇွန်၊ ၂၄
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က NUG လက်အောက်ခံ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ခေါင်းဆောင်တွေ ဆီက လက်နက်တွေကို ယောကာကွယ်ရေးတပ် YDF က ဇွန်လ၂၃ရက်မနေ့ကသိမ်းဆည်းသွားတယ်လို့ ဒေသခံ တွေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ကပြောပါတယ်။
“မနေ့ကညနေသုံးနာရီလောက်မှာဖြစ်တာ၊သူတို့(YDF)ကရွာစာသင်ကျောင်းမှာတပ်စွဲထားတာကကြာပြီ၊မနေ့ကတော့ ကားတစီးနဲ့နောက်ထပ်လက်နက်တွေနဲ့ဝင်လာတာ၊စက်လတ်ဆိုတာတွေရော၊ ထိပ်ဖူးတပ်တွေ ရောပါ တယ်၊အင်အားသုံးဆယ်လောက်နဲ့ ကိုလင်းလင်းအိမ်ကိုသွားပြီး ဝင်ခွင့်တောင်းတယ်၊ဝင်ခွင့်တောင်းပေမယ့် လူတွေ က သေနတ်တွေနဲ့ဝိုင်းထားတာ” လို့ဒေသခံတဦးကပြောပါတယ်။
မောက်လင်းရွာကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာ ပ.အ.ဖ ခေါင်းဆောင်ကိုလင်းလင်းနေအိမ်ကနေ YDF ကလက်နက် တွေ သိမ်းဆည်းပြီး အုပ်ချုပ်ရေးလွှဲခိုင်းတာဟာ အမှန်တကယ်ဖြစ်ပွားနေတာဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ဝင်တဦးက အတည်ပြုပါတယ်။
“ပြဿနာအဖြေဘယ်လိုထွက်မယ်မပြောနိုင်သေးဘူး။ ဖြေရှင်းဖို့ကြိုးစားနေကြဆဲပဲ” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
ဂန့်ဂေါမြို့နယ် ၊မောက်လင်းကျေးရွာက ပ.အ.ဖ ခေါင်းဆောင် ဦးကျော်ဇေယျာလင်း( ကိုလင်းလင်း) အိမ်ကနေ သေနတ်လေးလက်ကို YDF တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားပြီး ရွာအုပ်ချုပ်ရေးတာဝန်ကို သူတို့ဆီလွှဲပြောင်း ပေးကြောင်း လက်မှတ်ထိုးခိုင်းခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။
ဒါပေမယ့်ယောဒေသကာကွယ်ရေးတပ် YDF ဥက္ကဌ ကိုမြတ်သူကတော့ အဲ့ဒီဖြစ်စဉ်ဟာ ကျေးရွာ ပြည်သူ့အုပ် ချုပ် ရေးအ ဖွဲ့(ပအဖ)နဲ့ ပြည် သူ့ကာာကွယ်ရေးအဖွဲ့ (ပကဖ)တို့ကြား ပြဿနာကို ဝင်ရောက်ဖြေရှင်းပေးခဲ့တာ ဖြစ်တယ်လို့ DNA ကိုပြောပါတယ်။
“ကျွန်တော်တို့ကတော်လှန်ရေးပဲစိတ်ဝင်စားတာ၊ကျေးရွာတွင်း ပ.က.ဖ နဲ့ ပ.အ.ဖ ပြသနာဖြစ်တာကို ပ.က.ဖ က အကူအညီတောင်းလို့ဖြေရှင်းပေးတာ၊လက်နက်မရှိရမယ့် ပ.အ.ဖ မှာလက်နက်ရှိနေတယ်၊ဒါကိုကျွန်တော် တို့ သိမ်းပြီး ပ.က.ဖ ကိုပဲ လက်မှတ်ထိုးပြီးပြန်အပ်ထားခဲ့တာ” လို့ သူကပြောပါတယ်။
ကျေးရွာ ပကဖနဲ့ပအဖနဲ့ဘယ်လိုပြဿနာဖြစ်တယ်ဆိုတာ နဲ့ပကဖ က YDFကိုအကူအညီတောင်းတယ်ဆိုတာကို DNAအနေနဲ့အသေးစိတ်မသိရှိသေးပါဘူး။
ကိုမြတ်သူကတော့ လက်နက်သိမ်းဆည်းခဲ့ တာကိုသာ အတည်ပြုပြီး အုပ်ချုပ်ရေးအာဏာလွှဲခိုင်းတယ်ဆိုတာ မမှန်ကန်ဘူးလို့ ပြောပါတယ်။ အဲ့ဒီကိစ္စဟာ ကျေးရွာတွင်းက ပ.က.ဖ နှင့် ပ.အ.ဖ ဖြစ်တဲ့ပြသနာသာဖြစ်ပြီး မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် လာရောက်ဖြေရှင်းပေးခြင်းမရှိတာကြောင့် သွေးထွက်သံယိုမှုတွေမဖြစ်အောင် YDF က ကြားဝင်ဖြေရှင်းပေးခဲ့တာလို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက အိမ်ခြေလေးရာလောက်ရှိတဲ့မောက်လင်းကျေးရွာမှာYDF ရော၊ NUG လက် အောက် ခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါရှိနေကြတာဖြစ်ပြီး နေအိမ်ကိုးဆယ်လောက်က YDFကိုထောက်ခံကြကာ ကျန်အိမ် ထောင်စုတွေက NUG လက်အောက်ခံ ပအဖကိုလိုလားသူတွေဖြစ်တယ်လို့ ဒေသခံတွေက DNA ကိုပြောထားပါ တယ်။
YDF တပ်ဖွဲ့ဝင်တွေဟာ မနေ့က ကျေးရွာ ပအဖ ခေါင်းဆောင်ဆီက လက်နက်တွေသိမ်းခဲ့သလို ရွာအရှေ့ဘက် မှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စစ်ဆေးရေးဂိတ်က အဖွဲ့ဝင်တွေကိုလည်း ညပိုင်းမှာမောင်းထုတ်ခဲ့ သေး တယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။ ကိုမြတ်သူကတော့ အဲ့ဒီအချက်ဟာလည်း မမှန်ဘူးလို့ တုံ့ပြန် ပါတယ်။ “ဂိတ်ကိုမောင်းထုတ်တယ်ဆိုတာလုံးဝမဟုတ်ဘူး၊ကျွန်တော်တို့ရဲဘော်တွေကသူတို့ကိုမုန့်တောင်ပေးခဲ့တာ” လို့ကိုမြတ်သူကပြောပါတယ်။ မောက်လင်းကျေးရွာမှာ ရွာထဲအချင်းချင်းပြသနာဖြစ်နေတာကြာပြီလို့ လည်းသူ ကပြောပါတယ်။
ဖြည့်စွက်ချက်- အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တို့ရဲ့ အ တည်ပြုပြောဆိုချက် တွေအရ “ဂန့်ဂေါကရွာတရွာမှာ NUG ပအဖဆီကလက်နက်တွေကို YDF ကသိမ်းပြီး အုပ်ချုပ်ရေးအာဏာ လွှဲ ပြောင်းခိုင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ DNA ကသတင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီသတင်းရေးသားချိန်က YDF တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။ လက်ရှိမှာတော့ YDF တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်ရခဲ့တာကြောင့် မူလသတင်းအစား အခုသတင်းကိုပြန် လည်ဖော်ပြလိုက်ပါတယ်။