ဧရာဝတီတိုင်း မြို့နယ်သုံးခုကမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီဖြုတ်သိမ်း

ဇွန်၊ ၈

ဧရာဝတီတိုင်းအတွင်း  မအူပင်၊ဟင်္သာတနဲ့ဘိုကလေးစတဲ့မြို့နယ်သုံးခုက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် တွေကို အခုရက်ပိုင်းစစ်ကောင်စီတပ်ကဖြုတ်သိမ်းသွားခဲ့တယ်လို့မြို့ခံတွေနဲ့ ရဲတပ်ဖွဲ့ သတင်းအရင်း အမြစ်တွေ ဆီကသိရပါတယ်။

မအူပင်မြို့နယ်ရှိလုံခြုံရေးအရရှာဖွေမှုတွေပြုလုပ်နေတဲ့မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မအူပင်တံ တား စစ်ဆေးရေးဂိတ်၊ မအူပင်-ဖျာပုံ-ဘိုကေလး ကားလမ်းမပေါ်ရှိစစ်ဆေးရေးဂိတ်နဲ့ တွံတေး-မအူပင်-ညောင် တုန်း ကားလမ်းမပေါ်ရှိစစ်ဆေးရေးဂိတ်တွေကိုဇွန်လ၆ရက်မနက်အစောပိုင်းကစပြီး ပြန်လည်ဖြုတ်သိမ်းသွား တာလို့ မအူပင်မြို့ခံအမျိုးသမီးတဦးကပြောပါတယ်။

“ရဲတွေရော၊စစ်သားတွေရောမတွေ့ရတော့ဘူး၊ ပျူစောထီးတွေကောအရံမီးသတ် တွေပါမတွေ့ တော့တာ၊ မနက် ပိုင်းမြို့အပြင်ဘက်ထွက်ရင်းနဲ့ဂိတ်တွေဖြုတ်သွားတာတွေ့ခဲ့ရတာ၊ဘိုကလေးဘက်ကလာတဲ့သူတွေနဲ့လမ်းမှာဆုံရင်းမေးကြည့်တော့အဲ့ဘက်ကဂိတ်တွေလည်းဖြုတ်သွားတယ်လို့သိရတယ်” လို့သူကပြော ပါ တယ်။

ဖြုတ်သိမ်းလိုက်တဲ့စစ်ဆေးရေးဂိတ်နေရာတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန် ၂၀၂၀ ခုနှစ်မှာစ တင် ထားရှိခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၊ ပျူစောထီးနဲ့ရဲတွေ လုံခြုံ ရေးအကြောင်းပြခြိမ်းခြောက်ငွေကောက်ခံတာ၊ရှာဖွေဖမ်းဆီးမှုတွေလုပ်တဲ့ နေရာတွေဖြစ်လာတယ်လို့ မြို့ခံ တွေကပြောကြပါတယ်။

အခုဆို စစ်ဆေးရေးဂိတ်တချို့ရုတ်သိမ်းသွားပေမယ့် ဧရာဝတီတိုင်း နဲ့ရန်ကုန်တိုင်းထိစပ်နေရာဖြစ်တဲ့ မလတ်တို စစ်ဆေးရေးဂိတ်နဲ့ ပန်းတိုင်စစ်ဆေးရေးဂိတ်နေရာတွေကိုတော့ ဆက်လက်ဖွင့်လှစ်ဆဲဖြစ်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတာ၊အိမ်စီးကားတွေနဲ့ ကုန်တင်ယာဥ်တွေဆီကငွေကြေး ကောက်ခံမတာတွေရှိနေဆဲဖြစ်တယ်လို့ ခရီး သည်တင်ယာဥ်မောင်းနှင်သူတွေကဆိုပါတယ်။

“ပုံမှန်အတိုင်းပိုက်ဆံပေးနေရတယ်၊မသင်္ကာရင်စစ်ဆေးတာခံနေရတယ်” လို့ မအူပင်-ရန်ကုန်ခရီးသည်ယာဥ်လိုင်း ယာဥ်မောင်းတဦးကပြောပါတယ်။

ဘိုကလေးမြို့နယ်နဲ့ဟင်္သာတမြို့ နယ်က စစ်ဆေးရေးဂိတ်နေရာတွေကိုတော့ မနေ့ ဇွန် လ၇ရက်မနက်ပိုင်းကစပြီး ပြန်လည်ဖြုတ်သိမ်းသွားခဲ့ကာ မြို့တွင်းမှာတော့ စစ်ကားနဲ့လှည့်ကင်းပတ်တာ၊အရပ်ဝတ်နဲ့ ကင်းပုန်းဝပ်တာ တွေ တော့ ရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

 “မ​နေ့ကဂိတ်တွေကိုဖြုတ်လိုက်တာခင်ဗျ၊မနက်ကသွားကြည့်တော့ ဂိတ်မှာရဲတွေခဏ ကင်းစောင့်နေတာပဲ တွေ့ တယ်။နေ့ခင်းကျတော့မတွေ့ရတော့ဘူး၊မြို့ထဲမှာတော့ စစ်ကားနဲ့ကင်းပတ်တာတို့ အရပ်ဝတ်တွေနဲ့ကင်းပုန်း ဝပ်တာတို့တော့ရှိနေတယ်၊တပ်ချိန်းပြောင်းလုပ်တာလည်းအခုတလောမတွေ့ရဘူး၊မြို့ထဲကို လာတဲ့သူတွေက တော့သတိထားပြီးသွားလာနေကြတယ်” လို့ဟင်္သာတမြို့ခံတဦးကပြောပါတယ်။

ဟင်္သာတမြို့အဝင်အထွက်စစ်ဆေးဂိတ်တွေပြန်လည်ဖြုတ်သိမ်းခဲ့ပေမဲ့ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းထိစပ်နေရာ ကြံခင်းမြို့မှာတော့စစ်ဆေးရေးဂိတ်တွေဖြုတ်သိမ်းတာမရှိတဲ့အပြင်အရင်ကထက်လုံခြုံရေးအရစစ်ဆေးမှုပိုတင်းကျပ်လာတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်ထိစပ်နေရာငါးသိုင်းချောင်း-ဂွ စစ်ဆေးရေးဂိတ်နေရာမှာလည်း စစ်ကောင် စီ တပ်၊ပျူစောထီးအဖွဲ့နဲ့ရဲတပ်ဖွဲ့အင်အား အများအပြားချကာလုံခြုံရေးတင်းကျပ်ထားတယ်လို့ မျက်မြင်ကြုံတွေ့ ခဲ့ရတဲ့ဒေသခံခရီးသွားတွေဆီကသိရပါတယ်။