ပစ်ခတ်ခံရပြီး တပတ်အကြာမှာ အဆိုတော်လီလီနိုင်ကျော် သေဆုံး

ဇွန်၊ ၆
 
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အဆိုတော်လီလီနိုင်ကျော်ဟာ တပ်မတော်ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူရင်း ဒီကနေ့ ဇွန်လ ၆ ရက် မနက်ပိုင်းမှာ သေဆုံးသွားပြီလို့ မိသားစုဝင်တွေက လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားလာပါတယ်။
အဆိုတော်လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက်ညပိုင်းက ရန်ကင်းမြို့နယ်က နေအိမ်ကို ပြန်လာချိန်မှာ နေအိမ်အနီး သူ့ကားပေါ်မှာပဲ ပစ်ခတ်ခံလိုက်ရတာဖြစ်ပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံနေရကြောင်း စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
ဒီကနေ့မှာတော့ ကွယ်လွန်သွားကြောင်းမိသားစုတွေက လူမှုကွန်ရက်မှာ ရေးသားလာတာဖြစ်ပါတယ်။
အဆိုတော်လီလီနိုင်ကျော်ဟာ ဆိုရင် စစ်တပ်က ပြုလုပ်တဲ့ ထောက်ခံပွဲတွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားတဲ့ ပွဲတွေမှာ ထင်ထင်ပေါ်ပေါ် ပါဝင်ခဲ့သူတဦး အဖြစ်လည်း နာမည်ကြီးသူဖြစ်ပါတယ်။
အဆိုတော်လီလီနိုင်ကျော် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ စွပ်စွဲထုတ်ပြန်ထားပြီး ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ သီးခြားထုတ်ပြန်တာ မရှိပါဘူး။
 
ဓာတ်ပုံ – Social Media