စစ်ကိုင်းဖိုရမ်မှာ စစ်ရေး၊နိုင်ငံရေးပူးပေါင်းဆောင်ရွက်နိုင်မယ့် ဦးဆောင်အဖွဲ့ ဖွဲ့စည်းဖို့ဆွေးနွေးနိုင်ခဲ့

ဇွန်၊ ၁

စစ်ကိုင်းတိုင်းအတွင်းကစစ်အာဏရှင်တော်လှန်ရေးမှာ ပါဝင်နေကြတဲ့တော်လှန်ရေး အဖွဲ့အစည်းတွေကြား စစ်ရေး၊နိုင်ငံရေးနနဲ့ အခြားကိစ္စတွေပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆုံးဖြတ်နိုင်တဲ့ တိုင်းအတိုင်ပင်ခံကောင်စီ ကဲ့သို့ အစုအဖွဲ့တခုတည်ဆောက်ဖို့ စစ်ကိုင်းဖိုရမ်မှာဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေက ပြောပါတယ်။

“ပထမအပတ်ဆွေးနွေးပွဲမှာ စစ်ရေး၊နိုင်ငံရေး အခြားအုပ်ချူပ်ရေး တွေကိုတိုင်ပင်တဲ့အခါ အငြင်းပွားတဲ့ကိစ္စတွေမရှိဘူး။ စစ်ကိုင်းတိုင်း အတိုင်ပင်ခံကောင်စီအတွက် အရွေ့ကိုတော့ ကျနော်တို့အသက်သွင်းနိုင်ခဲ့တယ်’’လို့ဖိုရမ်တက်ရောက်ခဲ့တဲ့ကိုယ်စားလှယ်တဦးကပြောပါတယ်။

အဲဒီလို စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီတရားဝင်ပေါ်ပေါက်ရေးနဲ့ အဲဒီလိုပေါ်ပေါက်ဖို့တခြားအဖွဲ့တွေရဲ့ ထောက်ခံမှုရအောင် ကြိုးစားသွားမှာဖြစ်သလို နှစ်ပတ်တကြိမ်အစည်းအဝေးတွေခေါ်ယူကျင်းပသွားဖို့လည်း အဖွဲ့အစည်းတွေကြား တိုင်ပင်ထားတာရှိတယ်လို့ ဖြည့်စွက်ပြောပါတယ်။

စစ်ကိုင်းတိုင်းတနေရာမှာပထမဆုံးအကြိမ် အဖြစ် ကျင်းပတဲ့အဲဒီဖိုရမ်ကို  မြို့နယ်၂၈မြို့နယ်ကက တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ဖိုရမ်ကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မေလ ၃ဝရက်ကနေ ၃၁ရက်အထိနှစ်ရက်တာ ကျင်းပတဲ့ဖိုရမ်မှာ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချူပ်ရေးနဲ့  အထွေထွေကဏ္ဍ ဆိုပြီး အပိ်ုင်းလေးပိုင်းခွဲပြီးတက်ရောက်လာသူတွေက ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေမှာ တိုင်းအဆင့် အသွင်ကူပြောင်းရေးကာလ အစီအမံများ ပေါ်ပေါက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်မှုဝါဒါတွေရေးဆွဲရေး၊ အုပ်ချူပ်ရေးနဲ့စစ်ရေးအဖွဲ့တွေကြား အပြန်အလှန်ထိန်ကျောင်းရေး၊ ကာကွယ်ရေးအဖွဲ့တွေကြား စုစည်းအားကောင်းရေး ဆွေးနွေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူပဲကာကွယ်ရေးဆိုင်ရာကနေ အခြားပြည်သူ့အကျိုးပြုဆိုင်ရာတွေကို အင်အားစုတွေ ပိုမိုချိတ်ဆက်ပူးပေါင်းလုပ်ကိုင်ကြဖို့ မူဘောင်တွေ ချမှတ်ဖို့၊ ယန္တယားတွေတည်ဆောက်ဖို့ တွေကိုလည်း ဆွေးနွေးချက်တွေမှာပါဝင်တယ်လို့ ဖိုရမ်တက်ရောက်သူတွေက ဆိုပါတယ်။

 

ဒါ့အပြင် စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ပြည်နယ်တွေမှာ ပြည်နယ်အတိုင်ပင်ခံကောင်စီဖွဲ့စည်းသလို စစ်ကိုင်းမှာလည်း ဖွဲ့စည်းဖို့ တက်ရောက်လာတဲ့ အဖွဲကအစည်းတွေကြားမှာ ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း အစည်းအဝေးတက်ရောက်သူတွေကပြောပါတယ်။

‘’အခြားပြည်နယ်တွေမှာ နိုင်ငံရေးဆိုင်ရာဦးဆောင်မှု ယန္တရားတွေ ရှိပေမယ့် အညာမြေမှာ လိုနေတာကြောင့် စစ်ကိုင်းလုပ်တာဟာ ကောင်းမွန်သလို အားပေးရမယ်။ နောက်ထပ် ဒေသတွေလည်း အခုလိုမျိုး နိုင်ငံရေးဆွေးနွေးမှုစုဖွဲ့မှု ပေါ်လာဖို့ မျှော်လင့်ပါတယ်။ဒါဟာ ဖက်ဒရယ်အိပ်မက်ရဲ့စတင်ခြင်းတွေမို့ပါ ‘’လို့ နိုင်ငံရေးလေ့လာသူကိုဝင်းမင်းက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်နယ်တွေမှာစစ်ရေး၊ နိုင်ငံရေးတွေကိုဦးစီးဆောင်ရွက်တဲ့ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေဖွဲ့စည်းထားပြီး တော်လှန်ရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ CDM လုပ်ထားသူတွေစတဲ့ အဖွဲ့ပေါင်းစုံက ပါဝင်တာပါ။

စစ်အာဏာရှင်တော်လှန်ရေးကို အင်အားကောင်းကောင်းနဲ့လက်နက်ကိုင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းမှာ အခုလိုဖိုရမ်ကျင်းပတာကို အခြားပြည်နယ်တွေက အတိုင်ပင်ခံကောင်စီတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG ကလည်း သဝဏ်လွှာပေးပို့တာလည်းရှိပါတယ်။

NUGရဲ့ သဝဏ်လွှာမှာတော့ NUCC နဲ့ NUG တို့ရဲ့ မူဝါဒ၊ မဟာဗျူဟာနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုတွေကို ထပ်လောင်းအားဖြည့်ပြီး တော်လှန်ရေးအောင်မြင်ရေးအတွက် အရေးကြီးတဲ့ အထောက်အပံ့ကောင်းဖြစ်ပါစေကြောင်းနဲ့ ဆွေးနွေးပွဲဟာ ပြင်ပ ပယောဂမပါဘဲ မိမိဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ရလဒ်တွေကိုဆွေးနွေးအဖြေရှာနိုင်ပါစေလို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

 

အဲဒီစစ်ကိုင်းဖိုရမ်တက်ရောက်ခဲ့တဲ့ သူတဦးကတော့ အမျိုးသားညီညွတ်ရေးအစိုးရNUG ကဲ့သို့ ဗဟိုအစိုးရနဲ့ ချိတ်ဆက်ပေးနိုင်မဲ့ အတိုင်ပင်ခံကောင်စီလို့ အလုပ်အဖွဲ့တွေတိုင်းအတွင်းမှာဖွဲ့စည်းနိုင်မယ်ဆိုပါက တော်လှန်ရေး ပိုမိုအားကောင်းလာနိုင်တယ်လို့သုံသပ်ပြောကြားပါတယ်။

” အတိုင်ပင်ခံကောင်စီပဲဖြစ်စေ တိုင်းဒေသအတွင်းမှာ ပေါင်းစပ်ညှိနှိုင်းရေး (Body) ပဲဖြစ်စေ အဲဒါပေါ်ပေါက်လာရင် နိုင်ငံရေး အရကောတခြား နိုင်ငံရေး၊ စစ်ရေး ပေါင်းစုံအတွက် ခြေလှမ်းတရပ်သေချာပေါက်စနိုင်မယ်”လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့မုံရွာစီးပွားရေးတက္ကသိုလ်CDM ဆရာတဦးက ပြောပ

‘’အခု စစ်ကိုင်းဖိုရမ်ကို စခေါ်လာနိုင်တယ်။ နိုင်ငံရေး ဆိုင်ရာစုစည်းချက်တခုတော့ကောင်းကောင်းရလိုက်တယ် ” လို့ အဲဒီဆရာကဖြည့်စွက်ပြောကြားပါတယ်။