မြင်းမူမှာပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး သေဆုံး

မေ၊ ၃၀

 စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မနေ့က နေ့လယ်ပိုင်းကပေါက်ကွဲမှုဖြစ်ပြီး ဆိုင် ကယ်စီးအမျိုးသားနှစ်ဦး နေရာမှာပဲ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မြင်းမူမြို့နယ်၊အောင်ဇေယျကွက်သစ်(၁၉)လမ်း၊ပြည်ခိုင်ဖြိုးပါတီရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး သေဆုံး သူတွေဟာ ဆိုင်ကယ်နဲ့ဖြတ်သန်းသွားလာနေတဲ့ အမျိုးသားနှစ်ဦးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုဟာ မြေပြင်ပေါ်က စတင်ဖြစ်ပွားခဲ့တာဖြစစ်ပြီး အဲ့ဒီပေါက်ကွဲမှုဖြစ်ချိန်မှာ အနီးကနေ ဖြတ်သွားတဲ့ ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“နေ့လယ်ပိုင်းကြီး ပေါက်ကွဲသံတချက်ကြားလိုက်တယ်၊ပရဟိတအသင်းကရောက်လာပြီး သယ်သွားကြတာ၊ လုံ ခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ကားအ‌သေး နှစ်စီးနဲ့ရောက်လာကြတယ်၊ အနီးပတ်ဝန်းကျင်ကိုစစ်ဆေးတာတွေ လုပ်သွားတယ်”လို့ မြို့ခံ တဦးက DNA ကိုပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေဟာ မြင်းမူမြို့နယ် ငါးကင်းကျေးရွာက အသက်လေးဆယ်ကျော်အရွယ် ဒေသခံ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

DNA က ဆက်သွယ်မေးမြန်းခဲ့တဲ့ မြင်းမူဒေသခံတွေက အဲ့ဒီပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေဟာ ဒေသခံအရပ် သားတွေလို့ဆိုကြပေမယ့် စစ်အုပ်စုရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖောက်ခွဲရေး လုပ်လို့ လာတဲ့ PDF တွေ ဆိုင်ကယ်ပေါ်မှာ ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့တာလို့ ရေးသားဖော်ပြကြပါတယ်။