မိုးဗြဲက စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်

မေ၊ ၂၄

ရှမ်းကယားနယ်စပ်၊ မိုးဗြဲမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတခုကို မနေ့က ညပိုင်းက စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်နှစ်လုံး ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ပြည်သူတွေကတော့ ထိခိုက်မှု မရှိခဲ့ပါဘူး၊ ဒီလို ဗုံးကြဲ တိုက်ခိုက်တာဟာ အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိ သေစေလိုတဲ့ စကစရဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်” လို့ Mobye Rescue Team တာဝန်ရှိသူတဦးက ပြောပါ တယ်။

ရှမ်းပြည်နယ်နဲ့ ကရင်နီဒေသအစပ် မိုးဗြဲမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတနေရာကို စစ်ကောင်စီက မနေ့ ကညကိုးနာရီဝန်းကျင်မှာ တိုက်လေယာဉ်နဲ့နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သလို တားဝေးပစ် လက်နက်ကြီးတွေ နဲ့လည်း အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ဗဟိုသတင်းနဲ့ ပြန်ကြားရေး ဌာနကလည်းထုတ်ပြန်ထားပါတယ်။

မိုးမြဲမြို့နယ်အတွင်း စစ်ရေးအခြေအနေ အစိုးမရမှုတွေကြောင့် မိုးဗြဲကို ဖြတ်သန်းသွားလာကြမယ့် ခရီးသွားပြည် သူတွေနဲ့ စစ်ဘေးရှောင်တွေအနေနဲ့ လုံခြုံရေးကို အထူးဂရုပြုကြဖို့ မိုးဗြဲပြည်သူကာကွယ်ရေး တပ်က သတိပေး ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက် ညနေပိုင်းကလည်း လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တစီးကို မိုးဗြဲ စက်တော်ရာ တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယာဉ် နောက်လိုက်တဦး ထိမှန်သေဆုံးခဲ့ပြီး ယာဉ်မောင်းလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရှမ်းတောင် ဖယ်ခုံမြို့နယ် နဲ့ ကရင်နီပြည်နယ်တွေမှာ စစ်ဘေးရှောင်စခန်းတွေ၊ ဆေးရုံးတွေ နဲ့ ကျောင်းတွေကို မကြာခဏ ဦးတည်ပြီး လေကြောင်းက တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစုတွေကပြောကြပါတယ်။

 

အဲဒီလို အရပ်သားနေရာတွေကို တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်သံ ကြားတာနဲ့ ဗုံးခို ကျင်း တွေထဲ အမြန်ဆုံး ဝင်ပုန်းကြဖို့ ကရင်နီးပူးပေါင်းတပ်တွေက သတိပေးထုတ်ပြန်ထားကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နဲ့ပင်လောင်းမြို့ တွေမှာ ကရင်နီပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာသုံးလကျော် ရှိလာပြီဖြစ်ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းပစ် ခတ် မှု၊ လက်က်နက်ကြီးနဲ့ပစ်ခတ်မှုတွေ အများအပြားအသုံးပြုခဲ့တယ်လို့ သိရပါတယ်။

 အာဏာသိမ်းပြီးချိန်ကစစလို့ အခုနှစ်နှစ် ဧပြီလအထိ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်တွေမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၃၆၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ သုံးရာကျော်သတ်ဖြတ်ခံ ထားရ ကာစစ်ရှောင်နေရင်းက သေဆုံးသူ ၁၃၀ ကျော်ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု(PKPF)က ထုတ်ပြန်ထားပါတယ်။

Photo MB PDF