အချိန်ပိုဆင်းဖို့ငြင်းသူအပါအဝင်အလုပ်သမားနှစ်ဦး ထိုးကြိတ်ခံရမှုကိုစက်ရုံက ဖိအားပေးအမှုပိတ်ခိုင်း

မေ၊ ၂၃

ရန်ကုန်တိုင်း၊ရွှေပြည်သာ စက်မှုဇုန်က အထည်ချုပ်စက်ရုံတရုံမှာ အချိန်ပိုမဆင်းနိုင်ဘူးလို့ ငြင်းဆိုတဲ့အလုပ်သမားတဦးအပါအဝင် နှစ်ဦးကိုအလုပ်သမားခေါင်းဆောင်က ထိုးကြိတ်ခဲ့လို့ရွှေပြည်သာရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် အမှုပိတ်ခိုင်းဖို့စက်ရုံကဖိအားပေးနေတယ်လို့ DNAသတင်းဌာနက ကစုံစမ်းသိရပါတယ်။

“သူတို့ကဒါဖြေရှင်းပြီးရင်ဖြုတ်ပေးဖို့ဖုန်းဆက်ပြီးဖိအားပေးတယ်။လူကိုယ်တိုင်ရောဖုန်းဆက်ပြီးရောပြောတယ် ။ပထမမီဒီယာကပါဆိုပြီးလိမ်ပြီးဆက်တာ ခြိမ်းခြောက်ပြောဆိုတဲ့သဘောပဲ ‘’ လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ( STUM)မှတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

 ရွှေပြည်သာစက်မှုဇုန်၊ကန်သာယာ မှတ်တိုင်မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်Xida Home စက်ရုံမှာ အချိန်ပိုဆင်းဖို့ငြင်းဆန်တဲ့အမျိုးသားအလုပ်သမားတဦးနဲ့ ဖြန်ဖြေသူတဦး စုစုပေါင်း နှစ်ဦးကိုအလုပ်သမားခေါင်းဆောင်ကမေလ၂၂ရက်မနေ့ကထိုးကြိတ်ခဲ့တာပါ။ 

အဲ့ဒီလိုထိုးကြိတ်ခံရမှုကြောင့်ထိုးကြိတ်ခံရတဲ့အလုပ်သမားဟာ ရွှေပြည်သာ ရဲစခန်းမှာ အမှု့ဖွင့်ခဲ့ပေမယ့် စက်ရုံဖက်က မန်နေဂျာ၊စက်ရုံမှူးတွေက နစ်နာသူအလုပ်သမားအပါအဝင် ကူညီပေးတဲ့အလုပ်သမားအဖွဲ့အစည်းတွေကိုပါဖိအားပေးပြီးအမှုပိတ်ဖို့ပြောဆိုနေတာတွေရှိနေတယ်လို့သိရပါတယ်။

“ကျွန်မတို့ဖက်ကလဲဖြေရှင်းပြီးရင်ဘယ်လိုဖြေရှင်းတယ်ဆိုတဲ့အကြောင်းပြောရင်ပြန်ဖြုတ်ပေးမယ်လို့ပြောထားတယ်၊လုပ်ငန်းရှင်က အမှူပိတ်ဖို့တို့ page မှာတင်တာဖြုတ်ချဖို့တို့ငွေပေးခိုင်းလိုက်လို့ အဲ့အလုပ်သမားကိုယ်တိုင်ကလာပြောနေတယ်၊ကျွန်မတို့ကတော့ကြိုက်တာလုပ်ဂရုမစိုက်ဖူးလို့ ပြောလိုက်တယ်၊ကျွန်မတို့အနေနဲ့ကတော့ဒီလိုအလုပ်သမားကိုလုပ်ငန်းခွင်မှာသွေးထွက်သံယိုဖြစ်တဲ့အထိထိုးကြိတ်တယ်ဆိုတာလက်မခံဘူး၊တရာမျှတမှုကိုလိုချင်တယ်၊အဲ့ဒါကိုအကြောင်းပြချက်မျိုးစုံပေးပြီးအခုလိုလုပ်နေမယ်ဆိုအရေးယူတာတို့လျော်ကြေးရယူလိုတာတွေမှာခက်နေမှာပဲ”လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

အလုပ်သမားခေါင်းဆောင်ဖြစ်သူရဲ့ ထိုးကြိမ်တာကြောင့် ညလုံးပေါက် အချိန်ပိုဆင်းဖို့ငြင်းဆန်သူအလုပ်သမားနဲ့ ဝင်ရောက်ဆွဲတဲ့အလုပ်သမားတဦးတို့ဟာ မျက်နှာတွေနဲ့ကျောကုန်း မှာသွေးထွက်ဒါဏ်ရာရတဲ့အထိထိုးကြိတ်ခံခဲ့ရတာဖြစ်တယ်လို့လည်း အလုပ်သမားတွက ပြောကြပါတယ်။ “လွန်ခဲ့တဲ့ရက်ပိုင်းကပဲစက်ရုံမှူးပြောင်းလို့ဆန္ဒပြသေးတယ်၊ခုပြေလည်ခါစပဲရှိသေးတာ၊ဒီကိစ္စအပေါ်လဲဖြေရှင်းပေးတာမျိုးမရှိသေးဘူး၊ကိုယ်ထိလက်ရောက်ကျူးလွန်ခံရတဲ့အလုပ်သမားတွေကိုလဲနှစ်သိမ့်ပေးတာမျိုးဘာမျိုးမရှိဘူး၊မနေ့ကအထိုးခံရတဲ့အလုပ်သမားကဒီနေ့အပြင်ထွက်ဖို့စက်ရုံမှာထွက်ခွင့်ကတ်တောင်းတာကိုသူတို့ကအတင်းညှှိနေကြတာ”လို့ အဲဒီစက်ရုံက အမည်မဖော်လိုတဲ့အလုပ်သမားတဦးကထပ်ပြောပါတယ်။ စက်ရုံအလုပ်သမားနှစ်ဦးကိုထိခိုက်နာကျင်စေခဲ့တဲ့စက်ရုံအလုပ်သမားခေါင်းဆောင်ဟိန်းမင်းထွန်းဆိုသူကိုတော့ရွှေပြည်သာရဲစခန်းမှာအမှုဖွင့်ထားပြီးတော့ရဲစခန်းဖက်ကဘယ်လိုအမှုမျိုးနဲ့လက်ခံဆောင်ရွက်ထားတယ်ဆိုတာတော့ရှင်းရှင်းလင်းလင်းပြောပြထားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

 လုပ်သားဦးရေ ရှစ်ရာရှိတဲ့ Xida Home အထည်ချုပ် စက်ရုံဟာတရုတ်နိုင်ငံသားပိုင်စက်ရုံတရုံဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းကပဲစက်ရုံမှုးကိုနေရာပြောင်းရွှေ့တဲ့အတွက်ရာနဲ့ချီတဲ့အလုပ်သမားတွေဟာလုပ်ငန်းခွင်အတွင်းဆန္ဒပြခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILOကတော့မြန်မာနိုင်ငံမှာအလုပ်သမားအခွင့်အရေးအခြေအနေ ဆုတ်ယုတ်ကျဆင်းနေတယ်လို့ ဒီနှစ် မေလ၁ ရက် ကမ႓ာ့အလုပ်သမားနေ့အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန် ထားပါတယ်။