နေပြည်တော်-ကန်ပြားလမ်းမှာ ယာဉ်တိုက်မှုဖြစ်လို့ သုံးဦးသေဆုံး

မေ၊ ၂၁
 
မကွေးတိုင်း၊ နေပြည်တော်-ကန်ပြားသွားကားလမ်း ရွှေပန်းတောရွာထိပ်မှာ ခရီးသယ်တင်ကားနဲ့ ဟိုက်ဂျက်ကားတို့ ယာဉ်တိုက်မှုဖြစ်ပွါးပြီး ၁၁ ဦးဒဏ်ရာရတဲ့ထဲက သုံးဦးသေဆုံးသွားတယ်လို့ ခေမာလူမူကူညီရေးအဖွဲ့ (မကွေး) နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ဒီကနေ့ မေလ ၂၁ ရက်၊ နံနက် ၁၀ နာရီလောက်မှာ ရန်ကုန်ကိုထွက်ခွာလာတဲ့ ခရီးသယ်တင်မန္တလာမင်းကားနဲ့ မကွေးမြို့ကိုသွားမယ့် ဟိုက်ဂျက်ကားတို့ တိုက်မိခဲ့ပြီး အမျိုးသမီးနှစ်ဦးနဲ့ ယာဉ်မောင်းသေဆုံးတာလို့ သူကဆိုပါတယ်။
 
” ၁၁ ဦးထိခိုက်ဒဏ်ရာရတဲ့အထဲက သုံးဦးသေသွားပါတယ်။ တယောက်က ယာဉ်မောင်းပါ၊ အခုထိကားထဲညှပ်နေတုန်းပေါ့။ ကျန်နှစ်ယောက်က အမျိုးသမီးပါ။ အသက် ၄၀ နဲ့ ၆၀ အရွယ်ဝန်ကျင်တွေပါ။ မှန်လုံမှာတော့ ထိခိုက်တဲ့သူမရှိဘူး။ မှန်လုံက ယာဉ်မောင်းနေရာမထိဘဲနဲ့ စပယ်ယာပါတဲ့ ဖက်ကိုထိသွားတာပါ ” လို့ သူကပြောပါတယ်။
 
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို နေပြည်တော်ဆေးရုံကြီးကို ပို့ဆောင်ထားသလို ထိခိုက်သူတွေထဲမှာ ကလေးငယ်တဦးလည်း ပါဝင်ခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ သူကပြောပါတယ်။ 
ဓာတ်ပုံ – ခေမာ လူမှုကူညီရေးအသင်း