ကြိုတင်ရွှေ့ပြောင်းပေးမှုကိုမလိုက်နာလို့ ရိုဟင်ဂျာတရာကျော်သေဆုံးခဲ့တယ်လို့စစ်ကောင်စီပြော

မေ၊ ၁၉

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ လေးရာဝန်းကျင်သေဆုံးခဲ့တယ်လို့ ရိုဟင် ဂျာအရေးလှုပ်ရှားသူတွေက ပြောထားပေမယ့် စစ်ကောင်စီကတော့ အဲ့ဒီအချက် အလက်ကမှားယွင်းတယ်လို့ ဒီက နေ့တုံ့ ပြန်လိုက်ပါတယ်။

သူတို့ကောက်ယူထားတဲ့စာရင်းတွေအရ မုန်တိုင်းကြောင့် ရိုဟင်ဂျာ တရာကျော်သေဆုံးခဲ့ပြီး အဲ့ဒီလိုသေဆုံးခဲ့ကြ တာဟာဒေသအာဏာပိုင်တွေရဲ့ကြိုတင်ရွှေ့ပြောင်းရေးအစီအစဉ်တွေကိုမလိုက်နာတာကြောင့်ဖြစ်တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနေ့ကအထိ စာရင်းတွေအရမုန်တိုင်းကြောင့် ရိုဟင်ဂျာ(မူရင်းဘင်္ဂလီ)(၁၂၃)ဦး နဲ့ ဒေသခံတိုင်းရင်းသား (၅၂)ဦး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။

စစ်တွေမြို့အပါအဝင် ဒုက္ခသည်စခန်း (၁၇)ခုက ရိုဟင်ဂျာ (၁၂၅၀၀၀)ကျော်အနက် ဘေးလွတ်ရာကိုရွှေ့ပြောင်း ပေးဖို့လိုသူ (၆၃၀၀၀)ကျော်ကို ဆိုင်ကလုန်း Shelter တွေနဲ့ အဆောက်အဦီတွေဆီ ရွှေ့ပြောင်းပေးခဲ့ပေမယ့် ဒီလို ရွှေ့ပြောင်းပေးမှုကို လက်မခံဘဲ နေအိမ်တွေမှာပဲ ကျန်ရှိနေသူတွေသေဆုံးခဲ့ကြတာလို့လည်း စစ်ကောင်စီ ထုတ် ပြန်ချက်မှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိနေတဲ့ ရိုဟင်ဂျာတွေနဲ့ ပြည်ပရောက်ရိုဟင်ဂျာအရေးလုပ်ဆောင်သူတွေကတော့ စစ် ကောင်စီက လွတ်လပ်စွာရွှေ့ပြောင်းခွင့်မပေးလို့ စစ်တွေမြို့နယ်တခုတည်းမှာ ရိုဟင်ဂျာ လေးရာကျော်သေဆုံးခဲ့ တယ်လို့ဆိုထားတာပါ။ 

“ကျွန်တော်တို့ ရထားတဲ့ စာရင်းအရ အဲဒီပမာဏ(သေဆုံးသူတရာကျော်)ထက် ပိုပါတယ်၊ပြီးတော့ တချို့ရာအိမ် မှူးတွေက စစ်ကောင်စီရဲ့ ဖိအားကြောင့် စာရင်းတွေ လျော့ပေးရတာမျိုးလည်း ရှိတယ်လို့ကျွန်တော်တို့ သိထား ပါတယ်”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးလှုပ် ရှားသူတဦးက DNA ကို ပြော ပါတယ်။

စစ်ကောင်စီကတော့ လက်ရှိလူမှုကွန်ရက်မှာ ရိုဟင်ဂျာ လေးရောကျော်သေဆုံးတယ်ဆိုပြီး ဖော်ပြနေတာတွေဟာ မမှန်သတင်းတွေဖြစ်ပြီး အဲ့ဒီလို ဖော်ပြနေကြတဲ့ မီဒီယာစာမျက်နှာတွေကို အရေးယူမယ်လို့ ဆိုပါတယ်။

မုန်တိုင်းဝင်ရောက်အပြီး ရက်ပိုင်းအကြာအထိ ရိုဟင်ဂျာတွေသေဆုံးမှုနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့တဲ့ စစ် ကောင်စီဟာ ဒီကိစ္စအပေါ် ရိုဟင်ဂျာအရေး  လုပ်ဆောင်နေသူတွေရဲ့ ဝေဖန်မှုတွေမြင့်တက်လာချိန်မှာ အခုလို တုံ့ပြန်ရှင်းလင်းလာတာဖြစ်ပါတယ်။

အဲ့ဒီရှင်းလင်းချက်မှာဖော်ပြထားတဲ့အတိုင်း ရိုဟင်ဂျာတွေကို မုန်တိုင်းမဝင်ရောက်မီ ဘေးလွတ်ရာရွှေ့ပြောင်းပေး ခဲ့တယ်ဆိုတာဟာ အမှန်တဝက်၊အမှားတဝက်ဖြစ်နေတယ်လို့ အထက်ပါရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးလှုပ် ရှားသူကပြောပါတယ်။

“တချို့ရွာတွေကို သွားခေါ်တာတော့ ဟုတ်ပါတယ်၊ဒါပေမယ့် တချို့ရွာတွေကိုကျတော့ သွားမခေါ်ဘူး၊မုန်တိုင်း အ သိပေးတာပဲ ရှိတယ်၊အုန်းတောကြီးတို့ဆိုရင် လာခေါ်ပြီး တက္ကသိုလ်မှာထားတယ်၊ထမင်းလည်း မကျွေးတော့ တ ချို့ပြန်လာကြတာပါ၊အဲလို အဆင်မပြေ‌မှာစိုးလို့ မလိုက်ရဲကြတဲ့သူတွေလည်း ရှိပါတယ်” လို့သူကပြောပါတယ်။

မြေပုံမြို့နယ် တောင်ပေါ်ရိုဟင်ဂျာစခန်းက ဒုကွသည်တွေကတော့ စစ်ကောင်စီက ရွှေ့ပြောင်းဖို့အတွက် အ ကြောင်းကြားလာတာမျိုးမရှိလို့ သူတို့ကိုယ်တိုင်အုပ်ချုပ်ရေးမှူးကိုတောင်းဆိုပြီး မြေပုံမြို့ပေါ်က မြို့နယ် ခန်းမ ထဲမှာ သွားရောက်ခိုလှုံခဲ့ကြရတာလို့ ပြောပါတယ်။

အဲဒီတောင်ပေါ်စခန်းမှာလည်း မုန်တိုင်းကြောင့် လူ အသေအပျောက်မရှိပေမယ့် မွေးထားကြတဲ့ ဆိတ်၊ ကြက် တွေနဲ့ စားနပ်ရိက္ခာတွေအပါအ၀င် လူနေအိမ် သုံးရာ၀န်းကျင်ပျက်စီး၊ ဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ပြောင်းရွှေ့ပေးတာ မသန်စွမ်းသူအချို့၊ကလေးငယ်အချို့နဲ့ လူကြီးအချို့ပါ၊၊ဒါကလည်း အခုလို PR campaign လုပ်ဖို့အတွက်(မုန်တိုင်းမဝင်မီ)နာရီပိုင်းအလိုမှာ လုပ်ခဲ့တာ၊ရိုဟင်ဂျာတွေကို ပိတ်လှောင်ထားတာ ၁၁ နှစ်ရှိပြီ၊နာရီပိုင်းအလိုမှာ ပြောင်းရွှေ့ကြဆိုပြီး ဘာမှသေချာမစီစဥ်ပေးရင်ဘယ်လိုပြောင်းကြမလဲ၊စစ်တပ်ကတော့ သူတို့ကိုယ်သူတို့ သူတော်ကောင်းတွေလို ပြောဆိုမှာပါ၊စစ်တပ်က ကောင်းနေရင် တနိုင်ငံလုံးမှာ လူထောင်ချီ အ သတ်ခံရစရာ အကြောင်းစရာမရှိဘူးလေ”လို့စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရိုဟင်ဂျာအရေး လှုပ် ရှားသူ ရိုနေဆန်းလွင်ကလည်းပြောပါတယ်။

စစ်ကောင်စီဘက်က ရှင်းလင်းချက်ဟာ လက်ခံယုံကြည်စရာမရှိသလို မြေပြင်အခြေအနေမှာလည်း ဒုက္ခသည် စခန်းအားလုံးနဲ့ အဆက်အသွယ်မရသေးတာကြောင့် သေဆုံးထိခိုက်မှုအခြေအနေအသေးစိတ်စာရင်းတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်းသူကပြောပါတယ်။

“တကယ်တမ်း ဘယ်လောက်သေဆုံးသလဲဆိုတာ အတိအကျသိရဖို့ စနစ်တကျ စာရင်းကောက်ယူတဲ့ အဖွဲ့အ စည်း တွေကို ဝင်ခွင့်ပေးမှသာ အတိအကျ သိရပါလိမ့်မယ်၊ကျွန်တော်တို့ ပြောဆိုတာတွေက ခန့်မှန်းခြေတွေပါ၊ ဒုက္ခ သည်စခန်းအားလုံးကို သွားပြီး အတိအကျ သတင်းယူဖို့ မဖြစ်နိုင်သေးဘူး”လို့ ရိုနေဆန်းလွင်ကပြောပါတယ်။