မိုခါမုန်တိုင်းဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းမြင်ကွင်းများ May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ် တို့မှာ မြင်တွေ့ရတဲ့ အပျက်အစီးမြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ မနေ့က မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒေသတော်တော်များများမှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး ဒီကနေ့ မေလ ၁၅ ရက်မနက်ပိုင်းအထိ ဖုန်းလိုင်းတွေအဆက်အသွယ်မရသေးတဲ့အတွက် ထိခိုက်ပျက်စီးမှုအသေးစိတ်တွေကို မသိရသေးတဲ့ အခြေအနေဖြစ်နေပါတယ်။ ဓာတ်ပုံ – Khaing Ko Zai ကမ်းရိုးတန်းမိုခါမုန်တိုင်းရခိုင်
ဒေသအလိုက် သတင်းကဏ္ဍ ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား ခြောက်ဦး ထပ်မံသေဆုံး ၊ တပတ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိ March 21, 2024 ဒေသအလိုက် သတင်းကဏ္ဍ မတ် ၊ ၂၁ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကိုလေကြောင်းကဗုံးကြဲခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့တဲ့ ပုဂံမြို့မြင်ကွင်း May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံညောင်ဦးဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးများပြီး မိုးရေချိန်အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။ ညောင်ဦးမြို့နယ်မှာ လွန်ခဲ့တဲ့ ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်က စံချိန်သစ်ဖြစ်ခဲ့တဲ့ ၄ ဒဿမ ၇၆ လက်မကို စံချိန်ချိုးနိုင်ခဲ့သလို မိုးရေချိန်စံချိန်သစ်အဖြစ် နှစ်ပေါင်း [ဆက်လက်ဖတ်ရှုရန်]
ရခိုင် ဘဏ်အားလုံးနီးပါး ပိတ်ထားတဲ့ ရခိုင်မှာ ငွေထုတ်ခ အဆမတန်ဈေးတက် July 11, 2024 ရခိုင် Photo – AFP ဇူလိုင်၊ ၁၁ ဒေသတွင်းတိုက်ပွဲတွေကြောင့် ဘဏ်တွေအားလုံးနီးပါး ပိတ်ထားတဲ့ ရခိုင်မှာ ငွေထုတ်ခတွေ အဆမတန်ဈေးတက်နေပြီးကျပ် တသိန်းကို ထုတ်ခတသောင်းကျော်အထိ ပေးထုတ်နေကြရတယ်လို့ ငွေလွှဲငွေထုတ်လုပ်ငန်းသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ ဘဏ်တွေ ပိတ်ထားလို့ ငွေသား [ဆက်လက်ဖတ်ရှုရန်]