ခရမ်းPDF အဖွဲ့ဝင်ခုနှစ်ဦးအဖမ်းခံရပြီးနောက် ခရမ်းနဲ့သုံးခွကအိမ်တချို့ချိပ်ပိတ်ခံရ

ဧပြီ၊ ၂၆

ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်အခြေစိုက် ခရမ်း PDF အဖွဲ့ဝင်လို့ဆိုသူတွေကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ခ ရမ်းနဲ့သုံးခွမြို့နယ်တွေက နေအိမ်တချို့ချိပ်ပိတ်ခံရပြီး စစ်ကောင်စီက ဖမ်းဆီးဖို့ကြိုးစားလို့ မိသားစုလိုက် တိမ်း ရှောင်နေရသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

“ဖမ်းဆီးခံရပြီးနောက်ပိုင်း(ချိပ်)အပိတ်ခံရတာပဲ၊ဖမ်းဆီးခံသူတွေနဲ့ဆက်စပ်ပြီးအဖမ်းခံရတာတော့မရှိသေးဘူး၊ ချိတ်ပိတ်တဲ့အိမ်တွေကတော့ ခရမ်းမြို့နယ်ရွာဘက်တွေ ကနဲ့သုံးခွထဲကလဲပါတယ်၊ အိမ်ကလေးလုံးမကဘူး၊စာ ရင်းကောက်နေတုန်းပါ၊လောလောဆယ် ဒီကောင်တွေ ဒုက္ခ ထပ်ပေးဦးမှာ၊ ငြိမ်တော့ငြိမ်နေတယ်”လို့ ခရမ်းမြို့ နယ်ဒေသခံတဦးကDNAကိုပြောပါတယ်။

ခရမ်းPDF တပ်ဖွဲ့ဝင် ခြောက်ဦးဟာ အခုလ ဧပြီ ၂၂ရက်က ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ခရမ်း PDF က ထုတ်ပြန်ထားသလို စစ်ကောင်စီကလည်း ခရမ်းPDF တပ်ဖွဲ့ဝင်ခုနစ်ဦးကို သန်လျင်၊မရမ်းကုန်းနဲ့ ဒေါပုံမြို့ နယ်တွေမှာ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဒီကနေ့နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ထားပါတယ်။

ခရမ်းPDF တပ်ဖွဲ့ဝင်လို့ ဆိုသူတွေ ဖမ်းဆီးခံရပြီးနောက် သူတို့နဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ် ကောင်စီ က ခရမ်းနဲ့သုံးခွမြို့နယ်တွေမှာ နေအိမ်ချိပ်ပိတ်မှုတွေလုပ်ခဲ့သလို ဖမ်းဆီးဖို့ ကြိုးစားနေတာတွေ လည်းရှိတာ ကြောင့်  အိမ်ထောင်စုဆယ်စုထက်မနည်း တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဖမ်းဆီးခံထားရတဲ့တပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူတွေအပါ အဝင် ပြည်သူ တွေ အနေနဲ့စစ်ကောင်စီတပ်တွေရဲ့ထင်ရာစိုင်းဖမ်းဆီးမှုတွေကိုဂရုတစိုက်ရှောင်ရှားကြဖို့ ဧပြီ ၂၄ရက်မှာ ထုတ် ပြန် အသိပေးထားပါတယ်။

သန်လျင်မြို့နယ် ပေါက်တောကျေးရွာအနီး အခုလ ၁၉ရက်က ပိတ်ဆို့ရှာဖွေမှုတွေလုပ်ရာမှာ ခရမ်းPDF တပ်ဖွဲ့ ဝင်တဦးကို လက်နက်ခဲယမ်းတွေနဲ့ စတင်ဖမ်းမိခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။အဲ့ဒီနောက် နောက်ထပ်ခြောက်ဦးကို ဧပြီ ၂၂ရက်က ရန်ကုန်မြို့ မရမ်းကုန်းနဲ့ ဒေါပုံမြို့နယ်တွေမှာ ဆက်လက် ဖမ်းမိခဲ့တာလို့ လည်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရ ခရမ်းPDF တပ်ဖွဲ့ဝင်ခုနစ်ဦးဖမ်းဆီးခံရမှုမှာ ပစ္စတို၊ရိုင်ဖယ်၊ကာဘိုင် သေ နတ်တွေနဲ့ ဗုံးပစ်လောင်ချာ အပါအဝင် လက်နက်(၁၁)လက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါ တယ်။