ဧပြီ၊ ၅
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ (၄)ရပ်ကွက် ၊ ရွှေစေတီလမ်းမှာရှိတဲ့ စီးပွားရေးဘဏ်ရှေ့မှာရှိတဲ့ စစ်ကောင်စီလုံခြုံရေးဘန်ကာစခန်းမှာ ဒီကနေ့ ဧပြီလ ၅ ရက်မနက်ပိုင်းမှာတင် နာရီပိုင်းခြားပြီး ဗုံးသုံးလုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၇နာရီကတကြိမ်၊ ၈နာရီတကြိမ်နဲ့ ၉နာရီနဲ့ ၂၅ မိနစ်မှာတကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိဘူးလို့လည်း သိရပါတယ်။
”ပထမ ၈နာရီမှာ ပေါက်တဲ့ အလုံးက စစ်တပ်နဲ့ ရဲတွေမပေါက်ခင်ကရှာတွေ့ပြီး ဖောက်ခွဲဖျက်ဆီးလိုက်တာ။ အခုတော့ မြို့ထဲမှာလမ်းပိတ်စစ်နေတယ်” လို့ မျက်မြင်တွေ့တဲ့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ပုသိမ်မြို့လယ်ကလူစည်ကားတဲ့နေရာဖြစ်ပြီး ဖောက်ခွဲမှုကိုတော့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပုသိမ်မြို့ပြပျောက်ကြားတပ်ဖွဲ့ (PSTF)က သူတို့ လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ရက်နေ့ကလည်း ဝါးခယ်မ မြို့က မြန်မာလယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲကို ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဗုံးခွဲတိုက် ခိုက် တာမှာ အဆောက်အဦနံရံတွေ ပျက်စီးတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
အဲဒီဖောက်ခွဲမှုကိုတော့ ဧရာဝတီစစ်ဒေသခွဲရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝ တီ လင်းပိုင်အဖွဲ့နဲ့ ဝါးခယ်မ ပကဖ အဖွဲ့တို့က ၎င်းတို့ ပူးပေါင်းဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ် လို့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဝန်ထမ်းတွေဟာ ဒေသခံ တောင်သူတွေကို စိုက်ပျိုးစားရိတ် ချေးငွေ ပြန်ဆပ်ကြဖို့နဲ့ မဆပ်ရင် လယ်ယာ တွေကို သိမ်းမယ်ဆိုပြီး ခြိမ်း ခြောက် အကျပ်ကိုင်တောင်းနေတယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အအပြင် စိုက်ဘဏ် မန်နေဂျာ နဲ့ ဝန်ထမ်းတွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကျေး ဘဏ်တာဝန်ခံတွေဟာအကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်နေ တယ်ဆိုရင် မည်သူ့ကို မဆို အရေးယူ တိုက်ခိုက်သွားမယ်လို့ ဧ ရာဝတီလင်းပိုင်အဖွဲ့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
ဓာတ်ပုံ – CJ
ပုံစာ – ပုသိမ်စီးပွားရေးဘဏ်နဲ့ ဝါးခယ်မ လယ်ယာဖွဲ့ဖြိုးရေးဘဏ်ပေါက်ကွဲမှုမြင်ကွင်း