ပုသိမ်မြို့လည်က စီးပွားရေးဘဏ်ရှေ့မှာ ဗုံးပေါက်ကွဲ

 

ဧပြီ၊ ၅

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ (၄)ရပ်ကွက် ၊ ရွှေစေတီလမ်းမှာရှိတဲ့ စီးပွားရေးဘဏ်ရှေ့မှာ ဒီနေ့မနက်ပိုင်း ၇ နာရီမှာ တလုံး ၊ ၈ နာရီ မှာ တလုံး ၊ ၉ နာရီခွဲခန့်မှာ တလုံး စုစုပေါင်း ဗုံး သုံးလုံးပေါက်ကွဲခဲ့တယ်လို့ ကနဦး သိရပါတယ် ။ ကနဦးသတင်းတွေအရ ထိခိုက်ဒဏ်ရာရသူ တစုံတရာ မရှိဘူးလို့လည်း  သိရပါတယ် ။ သတင်းအပြည့်အစုံကို ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ။