စစ်ကောင်စီလေတပ်အရာရှိတဦး အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံးနိုင်တယ်လို့ဆို

ဧပြီ၊ ၁

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက်ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယဗိုလ်မှူးကြီး မြင့် ဝေ ကို အထူးစစ်ဆင်ရေးအနေနဲ့ မတ်လ ၃၁ ရက် မနေ့ကသူ့ရဲ့ နေအိမ်ရှေ့မှာ သေနတ်နဲ့ အနီးကပ် ရှစ် ချက် ပစ်ခတ် ခဲ့ တယ်လို့ မြို့ပြပြေက်ကျားအထူးတပ်ဖွဲ့က သသတင်းထုတ်ပြန်ပါတယ်။

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ လေကြောင်း လက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယဗိုလ်မှူးကြီး အဆင့် ရှိတဲ့ မြင့်ဝေ ဆိုသူကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံက သူ့ရဲ့ နေအိမ်ကို အပြင်ကနေ ကားနဲ့ ပြန်လာချိန် ပစ်ခတ်ခဲ့ တာ ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ကဆိုပါတယ်။

နေအိမ်ရှေ့အရောက်မှာ ဇနီးနဲ့ သမီးဖြစ်သူက ကားပေါ်က ဆင်းပြီး အိမ်ခြံဝန်းတံခါး သွားဖွင့်နေစဉ်လေ တပ်အ ရာရှိ မြင့်ဝေ ဆိုသူ ကားပေါ်မှာ တဦးတည်း ကျန်ရှိနေခိုက် သေနတ်နဲ့ အနီးကပ်ရှစ်ချက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးနိုင်တယ်လို့ မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့က ဆိုပါတယ်။

“အခု ပစ်ခတ် ရှင်းလင်းခံရတဲ့သူက မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေရဲ့ နေအိမ်တွေ၊ ဘာသာရေး အ ဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ အပါအဝင် ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေကိုပါ လေကြော င်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးလုပ်ဆောင်နေသူ၊ လက်နက်ခဲယမ်းတွေ ၊ ဗုံးသီးတွေ ထုတ် လုပ်တပ်ဆင်ပေးနေသူပါ၊ဒါကြောင့် ရှင်းလင်းရတာ ဖြစ်ပါတယ်” လို့ ပစ်ခတ်ခဲ့တဲ့အဖွဲ့ရဲ တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာတော့ အငြိမ်စားဝန်ထမ်းတဦးကို ပစ် ခတ်ခဲ့တာဖြစ်တယ်လို့ဖော်ပြမှုတွေရှိနေပါတယ်။စစ်ကောင်စီဟာ လေတပ်အရာရှိပစ်ခတ်ခံရမှုကို သတင်းထိမ် ချန်ထားပြီး သူ့ရဲ့ဇနီးပစ်ခတ်ခံရတယ်ဆိုကာ ဝါဒဖြန့်သတင်းလွှင့်နေတာလို့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့က ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေအရ ဒုဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်ခံရမှုကို ဖော်ပြတာမရှိဘဲ သူ့ရဲ့ ဇနီး မြန်မာ့သစ်လုပ်ငန်းက အငြိမ်းစား လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်ခင်ချိုဝင်းဆိုသူ သေနတ်နဲ့ခြောက် ချက်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိတယ်လို့သာဖော်ပြပါတယ်။

 မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ကတော့ ဒါဟာ လုပ်ကြံဖန်တီးထားတဲ့ ထုတ်ပြန်မှုတခုဖြစ်တယ်လို့ဆိုပါတယ်။

 ဒုဗိုလ်မှူးကြီး မြင့်ဝေ ဆိုသူ ပစ်ခတ်ခံရချိန်မှာ ကားပေါ်မှာ အတူပါလာတဲ့ ဇနီးနဲ့ သမီးဖြစ်သူဟာ ခြံဝန်းတံခါးကို သွားဖွင့်နေတာဖြစ်ပြီး ထိမှန်ဒဏ်ရာရခဲ့တာမျိုး မရှိဘူးလို့ မြို့ပြပြောက်ကျားအထူးတပ်ဖွဲ့ကပြောပါတယ်။