မှတ်ပုံပြန်တင်တဲ့ပါတီတွေထဲ ရွေးကောက်ပွဲအနိုင်မရခဲ့တဲ့ ပါတီနှစ်ဆယ်ကျော်ပါဝင်

မတ်၊ ၂၁

အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ပြဌာန်းတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ မှတ်ပုံပြန်တင်တဲ့ပါတီ စုစု ပေါင်း (၃၂)ခုအထိရှိလာပြီး အဲ့ဒီအထဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ ကိုးခုသာပါဝင်ပါတယ်။

 စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေ၊နည်းဥပဒေတွေကို ပြင်ဆင်ပြဌာန်းပြီးနောက် ဖေဖော်ဝါရီ လဆန်းက‌နေ မတ်လကုန်အထိ နိုင်ငံရေးပါတီတွေကို မှတ်ပုံပြန်တင်ဖို့ခွင့်ပြုထားတာပါ။

 မှတ်ပုံတင်ပြန်တင်တဲ့ပါတီတွေထဲ ပြည်ခိုင်ဖြိုး၊မွန်ညီညွတ်ရေးပါတီ၊လီဆူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီ၊ ပါတီ အမည် အပြောင်းအလဲလုပ်ထားတဲ့ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ ၊ဒီမိုကရေစီပါတီသစ်(ကချင်)၊ပအိုဝ်းအမျိုးသားအဖွဲချုပ်ပါတီ၊ရခိုင်အမျိုးသားပါတီနဲ့ကချင်ပြည်နယ်ပြည်သူပါတီတို့ကသာ ပြီး ခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရကိုယ်စားလှယ်တွေရှိခဲ့တာပါ။

 ဒီပါတီတွေမှာ ပြည်ခိုင်ဖြိုးတပါတီတည်းကသာ ကိုယ်စာားလှယ်လောင်း (၇၁)ဦးအထိ အနိုင်ရခဲ့ပြီး အနိုင်ရအ မတ် အများဆုံးပါတီအဖြစ်ရှိနေပါတယ်။ရခိုင်အမျိုးသားပါတီက(၁၅)ဦးအနိုင်ရကာ မွန်ညီညွတ်ရေးပါတီနဲ့၊ပ အိုဝ်းအမျိုး သားအဖွဲ့ချုပ်ပါတီတို့ကတော့ ဆယ်ဦးကျော်စီအနိုင်ရခဲ့ပါတယ်။ကျန်ပါတီတွေကတော့ အနိုင်ရ အမတ် ငါးဦး တောင်မရှိခဲ့ပါဘူး။

 လက်ရှိမှတ်ပုံပြန်တင်ထားတဲ့ ကျန်တဲ့ ပါတီနှစ်ဆယ်ကျော်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့သလို ရွေးကောက်ပွဲတွေမှာအကြိမ် ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ကိုယ်စားလှယ်တဦးမှအနိုင်မရဖူးတဲ့ ပါတီတွေ လည်းပါဝင်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့ဆိုကာ အာဏာသိမ်းလိုက် သလို အဲ့ဒီရွေးကောက်ပွဲရလဒ်ဟာလည်း တရားမဝင်ဘူးဆိုထားပါတယ်။

လက်ရှိ မှတ်ပုံပြန်တင်တဲ့ ပါတီသုံးဆယ်ကျော်ထဲက ထက်ဝက်လောက်ဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ လပိုင်း အလိုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ (၃၄)ခုစာရင်းထဲမှာ ပါ ဝင်ပါ တယ်။

 အာဏာသိမ်းမှုအတွက်ကြိုတင် တွန်းအားဖြစ်စေခဲ့တယ်လို့ ရှုမြင်သုံးသပ်မှုတွေရှိခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ အဲ့ဒီ နိုင်ငံ ရေး ပါတီတွေ တွေ့ဆုံပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့ဟာ စစ်ကောင်စီလက်အောက် ပြန် လည် မှတ်ပုံတင်ရာမှာတော့ နာမည်ပြောင်းတည်ထောင်တာ၊ ဖွဲ့စည်းပုံပြောင်းလဲထားတာ ၊ပါတီတွေအချင်း ချင်း ပူးပေါင်း လိုက်တာမျိုးတွေလည်းရှိပါတယ်။

 ပါတီဖျက်သိမ်းကာ ပေါင်းစည်းလိုက်သူတွေထဲ အမျိုးသားရေးလှုပ်ရှားသူ ၊စစ်တပ် ထောက်ခံသူအဖြစ် လူသိများ တဲ့ မိုက်ကယ်ကျော်မြင့်ရဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီလည်း ပါဝင်ပါတယ်။အဲ့ဒီပါတီနဲ့ ၈၈မျိုးဆက် ဒီမိုကရေစီပါတီတို့ဟာ တည်ဆဲပါတီတခုဖြစ်တဲ့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီနဲ့ ပူးပေါင်းလိုက်ပါတယ်။

 ပူးပေါင်းလိုက်တဲ့ ပါတီသုံးခုလုံးဟာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ပါတီတွေထဲပါဝင်ပါတယ်။

 အရင်က ဦးသုဝေဦးဆောင်ပြီး တနိုင်ငံလုံး စည်းရုံးမယ့် ပါတီအဖြစ်ရပ်တည်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဟာ လက်ရှိမှာ တိုင်းဒေသတခုစီကို အခြေပြုတဲ့ ပါတီခွဲ လေးခုအနေနဲ့ မှတ်ပုံတင်ထားတာဖြစ်ပါတယ်။ ဒါဟာစစ် ကောင်စီက ပိုပြီးတိုးမြှင့်တင်းကျပ်သတ်မှတ်လိုက်တဲ့ ပါတီတည်ထောင်ခွင့်ဆိုင်ရာ သတ်မှတ် ချက်တွေကို ကျော် လွှားနိုင်ဖို့ကြိုးစားတဲ့သဘောလည်းဖြစ်ပါတယ်။

 ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းအတွင်း NLD ပါတီဝင်အဖြစ်ကထုတ်ပယ်ခံရပြီးနောက် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီကိုတည်ထောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ ဦးစိန်ဝင်းကတော့ ပါတီကိုဖျက်သိမ်း လိုက်ပြီးဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ပူးပေါင်းလိုက်ပါတယ်။

 NLD အစိုးရလက်ထက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ဆိုင်ရာ သတ် မှတ်ချက်တွေနဲ့မညီလို့ ဖျက်သိမ်းလိုက်တဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(နှင်းဆီပါတီ)ကတော့ စစ်ကောင်စီ လက်အောက် ကော်မရှင်ဆီမှာ ပြည်ထောင်စုဒီမိုကရေစီပါတီအမည်နဲ့ မှတ်ပုံတင်ပြန်လျှောက်ထားပါတယ်။

 ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေစုပေါင်းတည်ထောင်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဒီမိုကရေစီပါတီကလည်း စစ်ကောင်စီလက်အောက်ခံ ကော်မရှင်ဆီမှာ ပါတီမှတ်ပုံပြန်တင် ထားတာတွေ့ရပါတယ်။

 စစ်ကောင်စီက ပါတီတည်ထောင်ခွင့်နဲ့ ရပ်တည်ခွင့်ဆိုင်ရာ သတ်မှတ်ချက်တွေကို တင်းကျပ်လိုက်ပြီးနောက် လက်ရှိမှတ်ပုံတင်ပြန်တင်တဲ့ ပါတီ (၃၂)ခုအနက် ရှစ်ပါတီကသာ တနိုင်ငံလုံးမှာ ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ် မှတ်ပုံတင်ထားကြတယ်လို့ စစ်ကောင်စီလက်အောက်ခံကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။

 စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ဥပဒေအရ မှတ်ပုံပြန်တင်မယ့်ပါတီတွေဟာ အခုလကုန်နောက်ဆုံးထ ား ပြန်လျှောက်ကြရမှာဖြစ်လို့ မှတ်ပုံတင်နိုင်တဲ့ကာလ ဆယ်ရက်ဝန်းကျင်သာ ကျန်ရှိပါတော့တယ်။ဒီကာလအ တွင်း မှတ်ပုံထပ်တင်ဖို့ပြင်ဆင်နေတဲ့ ပါတီတွေလည်း ထပ်ရှိနေပြီး ၂၀၂၀ အနိုင်ရ NLD ပါတီအပြင်၊ဝါရင့် ရှမ်း နိုင် ငံရေး ပါတီဖြစ်တဲ့ SNLDပါတီ၊ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတဲ့ပါတီတွေကတော့ မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ ပြော ထားပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ၊ပြည်ထောင်စု လွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)တို့အပါအဝင် နွေဦးတော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ တော်လှန် ရေးအင် အားစုတွေက စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို ပူးပေါင်းပါဝင်သူတွေဟာလည်း စစ်အုပ်စုနဲ့ အလိုတူအလိုပါတွေဖြစ်တယ်လို့ သတိပေးဝေဖန်ထားကြပါတယ်။

 မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီတချို့ရဲ့ တာဝန်ရှိသူတွေကတော့ နိုင်ငံရေး အငြင်းပွားမှုတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတာကြောင့် မှတ်ပုံပြန်တင်တာဖြစ်တယ်လို့ ပြောထားကြပါတယ်။


ပုံစာ – အနီရောင်နဲ့ ဖော်ပြထားတဲ့ ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေဖြစ်ပါတယ်။