မတ်၊ ၁၈
တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ် မဟာ(၃)အခြေစိုက်ရာ ပဲခူးတိုင်းအရှေ့ခြမ်းအတွင်း စစ်ဘေးရှောင်သူဦးရေ ဆက်တိုက်မြင့်တက်နေတယ်လို့ ဒေ သတွင်း သတင်းရင်းမြစ်တွေနဲ့ KNU ထုတ်ပြန်ချက်တွေအရသိရပါတယ်။
ပဲခူးတိုင်း ညောင်းလေးပင်၊ရှေတာရှည်၊ကျောက်ကြီး စတဲ့ ဒေသတွေမှာ KNU၊PDF တပ်တွေနဲ့ စစ်ကောင်စီတပ် တွေတိုက်ပွဲဖြစ်တာ၊စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊စစ်ကြောင်းထိုးတာတွေကြောင့် ဒေ သခံတွေ စစ်ဘေးရှောင်နေကြရတာပါ။
ရေတာရှည်မြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်(KNUအုပ်ချုပ်မှုသတ်မှတ်ချက်အရ မူးမြို့နယ်)တွေမှာ မတ်လ ၁၇ ရက် မနေ့က တရက်တည်း လူဦးရေ တထောင်ဝန်းကျင်စီစစ်ဘေးရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။
ဆွာမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမ၇ (၈၄)က မနေ့က မနက်ပိုင်းကစလို့ တနေကုန်နီးပါး လက်နက်ကြီး တွေနဲ့ ရေတာရှည်မြို့နယ်ဘက်ကို ပစ်ခတ်တာကြောင့် ဒေသခံတထောင်ဝန်းကျင် ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“မနေ့က မနက်ပိုင်းကတည်းက လက်နက်ကြီးနဲ့ပစ်တာ၊တနေကုန်ပဲ၊တလုံးနဲ့ တလုံးအများဆုံးခြားမှာ ငါးမိနစ် လောက်ပဲရှိတယ်၊အဲ့လောက်အထိပစ်တာ၊အဲ့ဒါကြောင့် ကျွန်တော်တို့လည်းဆက်မနေရဲလို့ ရှောင်လာခဲ့တာ”လို့ ကူးတို့ဆိပ်ရွာကနေ စစ်ရှောင်လာသူတဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ကူးတို့ဆိပ်ကျေးရွာနဲ့ ဆွာမကြီးကျေးရွာတွေ ဘက်ကို ကျရောက်ပေါက်ကွဲတာကြောင့် လူနေအိမ်တချို့ပျက်ဆီးဆုံးရှုံးတာရှိခဲ့ပေမယ် ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ဆိုပါတယ်။
“အိမ်က လေးငါးလုံးလောက်ပျက်စီးသွားတယ်၊ဆွာမကြီး ဘက်ကတော့ မပြောတတ်ဘူး၊သူတို့ဘက်လည်း အ ပျက်စီးတော့ရှိမှာပဲ”လို့ ကူးတို့ဆိပ်ရွာဒေသခံကပြောပါတယ်။
ကူးတို့ဆိပ်ရွာဟာ အိမ်ခြေ ၃၀၀ကျော်ရှိပြီး ဆွာမကြီးကျေးရွာကတော့ အိမ်ခြေ ၄၀၀နီးပါရှိတယ်လို့ လည်းဆို ပါ တယ်။ လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ ဆွာမြို့နယ်ဘက်က ဘုန်းကြီးကျောင်းတွေနဲ့ရေတာ ရှည်မြို့ ပေါ်ရပ်ကွက်တွေကိုပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ဆိုပါတယ်။
ရေတာရှည်မြို့နယ်အတွင်း မနေ့က တိုက်ပွဲဖြစ်ခဲ့တာ ရှိမရှိ မသိရပေမယ့် အဲ့ဒီမြို့နယ်ထဲ စစ်တောင်းမြစ်အနီးမှာ အခြေစိုက်တဲ့ ရေတာရှည် PDF တပ်စခန်းတခုကိုတော့ စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း ရေတာရှည် PDF ဘက်က သုံးဦးမစိုးရိမ်ရဒဏ်ရာရပြီး စစ်တပ်ဒရုန်းကိုတော့ ပစ်ချနိုင်ခဲ့ တယ်လို့ ရေတာရှည်PDF ကပြောထားပါတယ်။
ဒါ့အပြင် ညောင်လေးပင်(KNUအုပ်ချုပ်မှုသတ်မှတ်ချက်အရမူးမြို့နယ်)မြို့နယ်အတွင်းမှာလည်း မနေ့က မနက် အစောပိုင်းက စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ် ခတ်တာ ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ (၁၂၀၀)နီးပါး ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
နှစ်ဘက် တပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ခဲ့တဲ့ ထွနီကုန်းရွာနဲ့ ဆေးပုလဲရွာ တွေဝန်းကျင်ကို လက်နက်ကြီး (၄၂)လုံးအထိ ပစ်ခတ်ခဲ့သလို ဒရုန်းနဲ့ လက်နက်ကြီးလေးလုံးပစ်ချတိုက်ခိုက်ခဲ့ တယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းက ဆွမ်းစားဆောင်နဲ့ ဓမ္မာရုံတွေအပါအဝင် ဘာ သာရေးအဆောက်အအုံ ပျက်စီးခဲ့သလို ဒေသခံတွေဘေးလွတ်ရာထွက်ပြေးခဲ့ကြရတာလို့ဆိုပါတယ်။
ဓာတ်ပုံ – KNU