တရားစွဲခံရတဲ့ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင် တိမ်းရှောင်နေလို့ ကုမ္ပဏီကိုတရားစွဲမယ်

မတ်၊ ၁၈

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချိုးဖောက်လို့ အလုပ်သမားက တရားပြန်စွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ဟာတရားရင်ဆိုင်ခြင်းမရှိဘဲ တိမ်းရှောင်နေလို့ ကုမ္ပဏီကိုပြောင်းလဲ တရားစွဲဆိုဖိုါပြင်ဆင်နေတယ်လို့ အဲ့ဒီအလုပ် သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ကဒါရိုက်တာဒေါ်မျိုးမျိုးအေးကပြောပါတယ်။

 အလုပ်ခန့်ထားမူဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ပတ်သက်လို့ အလုပ်သမားဖြစ်သူမအိပိုပိုလိူင်က စက်ရုံ ပိုင်ရှင်တရုတ်နိူင်ငံသားကိုရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီးတရားရင်ဆိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံကိုတိမ်းရှောင်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။

 “မနေ့ကအထိရုံးချိန်းငါးချိန်းလုံးကိုလာရောက်ဖို့ပျက်ကွက်တယ်၊စက်ရုံမန်နေဂျာလာပေမယ့် သူကတရားစွဲ ခံရ သူရဲ့ကိုယ်စားလှယ်လွှဲစာမရှိလို့လက်မခံဘူး၊လာမယ့်ရုံးချိန်းမှာတော့ခေါင်းစဥ်ပြောင်းစွဲဆိုဖို့ရှိတယ်”လို့ဒေါ်မျိုးမျိုးအေးကပြောပါတယ်။

မနေ့ကရုံးချိန်းမှာ လည်းစက်ရုံပိုင်ရှင်လာရောက်တာမရှိတဲ့အတွက် မျက်ကွယ်အမိန့်ချပေးဖို့တောင်းဆိုတာ ကိုတ ရားသူကြီးကလက်မခံဘဲ လာမယ့်ရုံးချိန်းမှာ သမ္မန်စာ ထပ်ပို့ဖို့နဲ့အလုပ်သမားက ကုမ္ပဏီကိုပြောင်းလဲ တရားစွဲ ဖို့ ဆိုတဲ့နှစ်ချက်ထဲကတစ်ချက်ကိုရွေးခိုင်းတယ်လို့သိရပါတယ်။

 “ဆင့်ခေါ်စာထပ်ပို့လည်း ပိုင်ရှင်ကရှိမနေတော့ထူးမှာမဟုတ်ဘူး၊အဲဒါနဲ့ ကုမ္ပဏီကိုစွဲဖို့ဘဲရွေးလိုက်တာ၊ ကုမ္ပဏီ ကိုစွဲရင်တော့ဒါရိုက်တာအဖွဲ့ထဲကတယောက်မဟုတ်တယောက်လာဖြေရှင်းရတော့မှာ”လို့ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

 အလုပ်သမားဖြစ်သူမအိပိုပိုလိူင်ကို ခွင့်ယူအလုပ်ပျက်လို့ဆိုပြီး တဖက်သတ်အလုပ်ထုတ်လိုက်တာဟာ အလုပ် ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်စည်းကမ်းနဲ့မညီလို့ဆိုပြီး အခုလိုတရားစွဲဆိုမှုဖြစ်လာတာဖြစ်ပါတယ်။

 အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေရ အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူ စာချုပ် ချိုးဖောက်မှုမှာ မြို့နယ်အလုပ်သမားဦးစီးအရာရှိက တရားစွဲဆိုပေးရမှာဖြစ်ပေမယ့် အခုဖြစ်စဉ်မှာတော့ ဦးစီး အရာရှိက အလုပ်သမားကိုသာ တရားစွဲဆိုစေခဲ့တာလို့ ဆိုပါတယ်။

၂၀၁၃ အလုပ်အကိုင်နှင့်ကျွမ်းကျင်မူဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ်ကို ချိုးဖောက်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင် တယ် လို့ဖော်ပြထားပါတယ်။အခုတရားစွဲဆိုမှုနဲ့ပတ်သက်လို့ ခြောက်ကြိမ်မြောက်ရုံးချိန်းကို မတ်လ၃၁ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

 YFA စက်ရုံဟာ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ အခြေစိုက်လည်ပတ်နေတာဖြစ်ပြီး အလုပ်သမားတွေရဲ့ အခွင့်အရေး၊ခံစားခွင့်တွေနဲ့ပတ်သက်လို့ အလုပ်ရှင်နဲ့ အလုပ်သမားတွေအငြင်းပွား မှုမကြာ မကြာဖြစ်လေ့ရှိပါတယ်။

အခုလို စက်ရုံအလုပ်သမားဘက်ကနေ အလုပ်ရှင်ကို တရားစွဲဆိုတာဟာ စက်ရုံအလုပ်သမား အသိုင်းအဝိုင်းကြား ပထမဆုံးဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေကပြောပါတယ်။

ဓာတ်ပုံ – Google