တရားစွဲခံရတဲ့ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင် တိမ်းရှောင်နေလို့ ကုမ္ပဏီကိုတရားစွဲမယ်

တရားစွဲခံရတဲ့ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင် တိမ်းရှောင်နေလို့ ကုမ္ပဏီကိုတရားစွဲမယ်

မတ်၊ ၁၈ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချိုးဖောက်လို့ အလုပ်သမားက တရားပြန်စွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ဟာတရားရင်ဆိုင်ခြင်းမရှိဘဲ တိမ်းရှောင်နေလို့ ကုမ္ပဏီကိုပြောင်းလဲ တရားစွဲဆိုဖိုါပြင်ဆင်နေတယ်လို့ အဲ့ဒီအလုပ် သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ကဒါရိုက်တာဒေါ်မျိုးမျိုးအေးကပြောပါတယ်။  အလုပ်ခန့်ထားမူဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ပတ်သက်လို့ အလုပ်သမားဖြစ်သူမအိပိုပိုလိူင်က စက်ရုံ ပိုင်ရှင်တရုတ်နိူင်ငံသားကိုရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီးတရားရင်ဆိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံကိုတိမ်းရှောင်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။  “မနေ့ကအထိရုံးချိန်းငါးချိန်းလုံးကိုလာရောက်ဖို့ပျက်ကွက်တယ်၊စက်ရုံမန်နေဂျာလာပေမယ့် သူကတရားစွဲ ခံရ သူရဲ့ကိုယ်စားလှယ်လွှဲစာမရှိလို့လက်မခံဘူး၊လာမယ့်ရုံးချိန်းမှာတော့ခေါင်းစဥ်ပြောင်းစွဲဆိုဖို့ရှိတယ်”လို့ဒေါ်မျိုးမျိုးအေးကပြောပါတယ်။ မနေ့ကရုံးချိန်းမှာ လည်းစက်ရုံပိုင်ရှင်လာရောက်တာမရှိတဲ့အတွက် မျက်ကွယ်အမိန့်ချပေးဖို့တောင်းဆိုတာ ကိုတ ရားသူကြီးကလက်မခံဘဲ လာမယ့်ရုံးချိန်းမှာ သမ္မန်စာ ထပ်ပို့ဖို့နဲ့အလုပ်သမားက ကုမ္ပဏီကိုပြောင်းလဲ တရားစွဲ ဖို့…

Read More
အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံ ပိတ်ဖို့ပြင်နေ

အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံ ပိတ်ဖို့ပြင်နေ

အလုပ်သမား ၁၃၀၀လောက်နဲ့ လည်ပတ်နေတဲ့ ရွှေပြည်သာမြို့နယ် ဝါးတရာက GTIG အထည်ချုပ်စက်ရုံကို ဒီလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့ပြင်ဆင်နေတယ်လို့ အဲဒီစက်ရုံ အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။  GTIG အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်တွေ ရှိနေပြီး အငြင်းပွားမှုဖြေရှင်းရေးတွေ မပြီးပြတ်ခင်မှာဘဲ ပိတ်သိမ်းမယ်ဆိုပြီး အလုပ်သမားတွေကို ဒီနေ့မှာ အသိပေးလာတာဖြစ်ပါတယ်။  “လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မူတွေ ရှိတဲ့အပေါ်  Brand ကိုတိုင်ကြားခဲ့တယ်၊ ဒီနေ့ အထည် အပ်တဲ့ Brand က…

Read More
YFAအထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရ တဲ့လုပ်သားတွေရဲ့ကျွမ်းကျင်ကြေးပြန်ထုတ်ပေးမယ်

YFAအထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရ တဲ့လုပ်သားတွေရဲ့ကျွမ်းကျင်ကြေးပြန်ထုတ်ပေးမယ်

ရွှေပြည်သာမြို့နယ်၊ YFAအထည်ချုပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့အလုပ်သမားတွေရဲ့ ကျွမ်းကျင်ကြေးကို စက်ရုံဘက်ကပြန်ထုတ်ပေးမယ်လို့ အကြောင်းကြားထားကြောင်း အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ဆီကသိရပါတယ်။ YRAစက်ရုံက အလုပ်သမားအားလုံးကို နိုဝင်ဘာ လကုန်ပိုင်းမှာအလုပ်ကနေတပြိုင်တည်းရပ်စဲလိုက်ပြီး အဲဒီလအတွက်ထုတ်ပေးတဲ့လစာမှာ ကျွမ်းကျင် ကြေးတွေဖြတ်တောက်ခံထားရတာလို့သိရတယ်။   အဲဒီဖြတ်တောက်ထားတဲ့ကျွမ်းကျင်ကြေးတွေကို ပြန်ပေးဖို့ အလုပ်သမား ၁၃၃ဦးက လက်မှတ်ထိုး တောင်းဆိုထားတာကိုအလုပ်ရှင်ကပေးဖို့သဘော တူလိုက်တာလို့STUMတာဝန်ရှိသူတစ်ဦးကဆိုပါတယ်။   “တစ်ယောက်နဲ့တစ်ယောက်ရမယ့်နှုန်းတော့မတူဘူး၊အနည်းဆုံး တစ်သောင်းကနေ သုံးသောင်းခွဲ အထိ ရှိတယ်၊အဲဒါပြန်ထုတ်ဖို့အလုပ်သမားတွေကိုအကြောင်းကြားထားတယ်”လို့သူကပြောပါတယ်။   အဲဒီကျွမ်းကျင်ကြေးတွေကို ဒီဇင်ဘာ ၂၃မှာမနက် ၁၀ နာရီကနေ ၃နာရီအထိ၊…

Read More