PDF အလိုမရှိကြောင်း ဆန္ဒပြပွဲကို တအိမ်တယောက်တက်ဖို့ PNO ကဖိအားပေးခဲ့

မတ်၊ ၁၅

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ တပေါင်းကွင်းမှာ ဒီကနေ့မနက်ပိုင်းကလုပ်ခဲ့တဲ့ KNDFနဲ့PDF တွေအလိုမရှိကြောင်း ဆန္ဒပြပွဲကို တအိမ်တယောက် မဖြစ်မနေတက်ဖို့ PNO/PNA အဖွဲ့က ဖိအားပေးခိုင်း စေခဲ့ တယ်လို့ ပအိုဝ်းအရပ်ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။

 “ပအိုဝ်းဝတ်စုံ ပြည့်နဲ့ တက်ရမယ်လို့ တက်ခိုင်းတာမျိုး ဖြစ်ပါတယ်၊မတက်ရောက်ရင်လည်း ဒဏ်ငွေရိုက်မယ် ဆို တဲ့ အနေအထားမျိုးတွေလည်း လုပ်တာပေါ့လေ၊တချို့ဒေသတွေမှာ ဒဏ်ငွေ ရိုက်မယ်လို့ မကြားမိဘူးလို့ သိ ရ တယ်၊ တချို့ PNO ဩဇာအာဏာ ကောင်းတဲ့ ဒေသတွေမှာ သူတို့ တက်မယ်ဆိုတာနဲ့ လိုက်တက်တဲ့သူတွေ ရှိ ကြတယ်၊သူတို့ ဩဇာ အရမ်းကြီး တဲ့ ကျေးရွာတွေ အများကြီးရှိတယ်၊ဒေသတခုနဲ့ တခု မတူကြဘူး”လို့ ပအိုဝ်း အရပ်ဖက် လူမှုအဖွဲ့အစည်းများရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

 ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာမှာ မတ်လ ၁၁ ရက်က ဖြစ်ခဲ့တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စစ် ကောင်စီနဲ့စစ်ရေးပူးပေါင်းလှုပ်ရှားနေတဲ့ဒေသအခြေစိုက် ပြည်သူ့စစ် PNO/PNA တပ်ဖွဲ့က KNDFနဲ့အပေါင်းအ ပါတွေရဲ့ လက်ချက်ဖြစ်တယ်လို့မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီလို ထုတ်ပြန်ပြီး နောက်နေ့ ဒီကနေ့ တောင်ကြီးမြို့ ကံကြီးရပ်က ပအိုဝ်းအမျိုးသား တပေါင်းကွင်းမှာ ဒေသခံ တွေကို ဖိအာပေး တက်စေပြီး KNDF PDF PNDF အလိုမရှိကြောင်း ဦးဆောင်ဆန္ဒပြပွဲတွေ လုပ်တာဖြစ်ပါတယ်။

 အဲဒီဆန္ဒပြပွဲကို တောင်ကြီး- ကျောက်တလုံးလမ်းရှိ ကျေးရွာတွေအပါအဝင် တောင်ကြီးအနီးဝန်းကျင်က PNO/PNA ဩဇာသက်ရောက်တဲ့ ကျေးရွာတွေက ပအိုဝ်းတိုင်းရင်းသားတွေ တက်ရောက်ကြတယ်လို့သိရပါတယ်။

 “သူတို့က လူတွေ စုရုံပြီး ဆန္ဒပြတယ်။ တချို့သံဃာတော်တွေကို ဖိတ်ကြားပြီး ဩဝါဒတွေ ချွေခိုင်းတာလည်း ရှိ တယ်၊ အခုက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခကို ပိုပြီးတော့ တွန်းအားပေးစေတဲ့ ဟာမျိုးတွေကို ပိုလုပ်ဆောင် လာတယ်လို့ ပြောလို့ ရတယ်၊ကျွန်မတို့ စိုးရိမ်ရတဲ့ ရေချိန်အမှတ်ကတော့ မြင့်တက်လာတယ်” လို့ ပအိုဝ်း အရပ်ဖက် လူမှုအဖွဲ့အစည်းများရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 NUG ၊PNFC၊ KNDF၊ PNDF၊ PDF နဲ့ နိုင်ငံတကာက ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်းတွေက နမ့်နိန်းကျေးရွာက အစု အပြုံလိုက် သတ်ဖြတ်မှုဟာ စစ်ကောင်စီတပ်က ကျူးလွန်းတာဖြစ်တယ်လို့ထုတ်ပြန်ထားပြီး အထောက်အထား တွေရရှိထားတယ်လို့ ဆိုထားပါတယ်။

 စစ်ကောင်စီနဲ့ ပအိုဝ်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသကိုစီမံနေတဲ့ PNO/PNA အဖွဲ့တွေကတော့ KNDF နဲ့ နွေဦး တော် လှန် ရေး အင်အားစုတွေလက်ချက်လို့ တုံ့ပြန်စွပ်စွဲထားတာပါ။ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ PNO/PNA တို့က လူမျိုးရေး၊ဘာသာရေး အမုန်းတရားတွေကြီးထွားလာအောင် သွေးထိုးလှုံ့ ဆော်နေတယ်လို့လည်း တော်လှန်ရေး အင်အားစုတွေနဲ့ ပအိုဝ်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြောထား ကြပါတယ်။

PNO ရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ KNDF နဲ့အပေါင်းအပါတွေဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးဒေသထံ ကျူးကျော်ဝင်ရောက်စစ်တလင်းနယ်မြေအဖြစ် ဖန်တီးနေတယ်လို့ စွပ်စွဲထားသလို ဒီကနေ့ တောင်ကြီးမြို့က ဆန္ဒပြပွဲမှာလည်း အဲ့ဒီအချက်တွေကို ထည့်သွင်းကြွေးကြော်ခဲ့ကြပါတယ်။

 လူအစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ခဲ့တဲ့ ပင်လောင်မြို့နယ်ဟာ စစ်ကောင်စီအတွက်ရော၊ကရင်နီ ဒေ သအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ပါ စစ်ရေးဗျူဟာအရ အရေးပါတဲ့နေရာမှာရှိနေပြီး စစ်ကောင် စီ က PNO နယ်မြေဖြစ်တဲ့ ပင်လောင်းဘက်ကနေ ကရင်နီဒေသထဲဝင်ရောက်ထိုးစစ်ဆင်ဖို့ကြိုးပမ်းနေတာပါ။

ဓာတ်ပုံ – Social Media