နမ်းနိန်းရွာဖြစ်စဉ် အပြန်အလှန်စွပ်စွဲမှုမှာ ဦးအောင်ခမ်းထီရဲ့ PNO က စစ်ကောင်စီဖက်ရပ်တည်

မတ်၊ ၁၄

ရှမ်းပြည်နယ်နဲ့ ကရင်နီ(ကယား(ပြည်နယ်အစပ် ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာမှာ မတ်လ ၁၁ရက်က ဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဦးအောင်ခမ်းထီရဲ့ PNO တပ်ဖွဲ့က စစ်အုပ်စုဘက်က ရပ်တည်ကာ KNDF နဲ့အပေါင်းအပါတွေလက်ချက်ဖြစ်တယ်လို့ ဒီကနေ့ စွပ်စွဲထုတ်ပြန်လိုက်ပါတယ်။

နမ်းနိန်းရွာ ဘုန်ကြီးကျောင်းအတွင်း သံဃာ သုံးပါးအပါအဝင် စုစုပေါင်း ဒေသခံနှစ်ဆယ်ကျော် အစုအပြုံလိုက် သတ်ဖြတ်မှုဟာ KNDF နဲ့ အပေါင်းပါ အဖွဲ့အစည်းတွေလက်ချက်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က ဆိုပါ တယ်။

ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တပ်ဖွဲ့ဟာ ၁၉၉၁ခုနှစ်မှာ နဝတ အစိုးရနဲ့ငြိမ်းချမ်း ရေးယူခဲ့ပြီးကတည်းက စစ်ခေါင်းဆောင်အဆက်အဆက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ နဝတအစိုးရဟာPNO တပ်ဖွဲ့ကို အထူးဒေသ(၆)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် နယ်မြေသတ်မှတ် အုပ် ချုပ်ခွင့်ပေးခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေမှာလည်း အဲ့ဒီနယ်မြေကို ထည့်သွင်းပြဌာန်းပေးခဲ့တာပါ။

အခု အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ခဲ့တဲ့ ပင်လောင်းမြို့နယ် နမ့်နိန်းရွာဟာလည်း အဲ့ဒီနယ်မြေထဲမှာ ပါဝင်ပါ တယ်။ကရင်နီဒေသတွင်းကို ဝိုင်းပတ်ပိတ်ဆို့ဝင်ရောက်ဖို့ပြင်ဆင်လာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင် အားစု တွေနှစ်ဖက်လုံးအတွက် အချက်အချာကျတဲ့ ပင်လောင်းဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းကစလို့ တိုက်ပွဲ တွေဆက်တိုက်ပြင်းထန်နေတာပါ။

PNO အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ KNDF နဲ့  အပေါင်းပါ အဖွဲ့အစည်းတွေဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနယ်မြေထဲကျူးကျော် ဝင်ရောက်လာပြီး စစ်တလင်းနယ်မြေအဖြစ် ဖန်တီးခဲ့တယ်လို့ စွပ်စွဲဖော်ပြ ထား ပါတယ်။

လူမျိုးရေးနဲ့ ဘာသာရေးပြသနာတွေ မဖြစ်ပွားစေဖို့နဲ့ စစ်တလင်းနယ်မြေအဖြစ် ထပ်မံ မဖြစ်ပွားစေဖို့ အတူနေညီ နောင်တိုင်းရင်းသားတွေနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ တော်လှန် ရေးအင်အားစုတွေကတော့ PNO/PNA ဟာ စစ်ကောင်စီနဲ့ အတူတွဲပြီး နွေဦးတော်လှန်ရေး  အင်အားစုတွေ တိုက် ခိုက်နေတယ်လို့ ပြောထားပါတယ်။

 PNO ခေါင်းဆောင် ဦးအောင်ခမ်းထီဟာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့လည်း အပြန်အ လှန် ဆက်ဆံရေးကောင်းရှိပြီး အခုလ ၇ ရက်ကပဲ ကျောက်တလုံးမြို့မှာရှိနေတဲ့ PNO/PNA ခေါင်းဆောင် ဦးအောင်ခမ်းထီကို မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

 PNO ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အဲ့ဒီဒေသတွင်း စစ်ရေးလှုပ်ရှားမှုရှိတဲ့တော်လှန်ရေးအင်အား စုတွေကိုမေးမြန်းဖို့ကြိုးစားပေမယ့်  ဆက်သွယ်လို့ မရသေးပါဘူး။

ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းတွေကတော့ မတ်လ ၁၁ရက် နမ်းနိန်းကျေးရွာက လူအစုအပြုံလိုက် သတ် ဖြတ်မှုဟာ ရှမ်းတောင်မှာ ဖြစ်ပွာနေတဲ့ စစ်ပွဲတွေကို စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ဒီကနေ မတ်လ ၁၄ရက်မှာပဲ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ PNO/PNA ဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ လူမျိုးရေးနဲ့ ဘာသာရေးပဋိ ပက္ခ ဖြစ်အောင် သွေးထိုးလှုံဆော်မှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်နေပြီး စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးအား မြောက်လုပ်နေတယ်လို့ဆိုထားပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ KNDF ကတော့ နမ်းနိန်ကျေးရွာက အစုအပြုံလိုက်သတ် ဖြတ် မှုဟာ စစ်ကောင်စီက ကျူးလွန်ခဲ့တာဖြစ်ပြီး မြေပြင်အထောက်အထားတွေလည်း ရရှိထားတယ်လို့ ထုတ်ပြန် ထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီက ကျူးလွန်တဲ့ နမ်းနိန့်က လူအစုအပြုံလိုက်သတ်ဖြတ်မှုအတွက် အပြစ်ပေးအရေးယူနိုင်ရေး တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

 အဲဒီသတ်ဖြတ်မှုကို ဗိုလ်မှူးချုပ် နေလင်းအောင် ကွပ်ကဲ့တဲ့ ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ် ကဲမှုနဲ့ ဗိုလ်ချုပ်မျိုးမင်းထွန်း ကွပ်ကဲတဲ့ တောင်ကြီးအခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ကျူးလွန် တာလို့ ဆိုပါတယ်။

အစုအပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်တဲ့ သေနတ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအသုံးပြုလေ့ရှိတဲ့ MA-1 ဖြစ်ပြီး အလောင်းတွေမှာ ဦးခေါင်းဓါးမနဲ့ ပေါက် ထားတဲ့ ဒဏ်ရာ၊ သေနတ်ပစ်ခံရတဲ့ ဒဏ်ရာတွေ တွေ့ရှိတယ်လို့ NUG ကပြောပါတယ်။

ပင်လောင်းက တိုက်ပွဲတွေကြောင့် ဒေသခံ ၆၀၀၀ ဝန်းကျင်အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး နမ့်နိန်းကျေးရွာ တ ကြောမှာ အိမ်ခြေ ၅၀ လောက် မီးရှို့ခံထားရပါတယ်။ စစ်တပ်ဟာ ပင်းလောင်း၊ ဒီးမော့ဆို၊ ရှားတော့နဲ့ ဘောလခဲ မြို့တွေကို စစ်ကြောင်း အသီးသီးခွဲပြီး အင်းအား ၁၅၀၀ ခန့်နဲ့ မြေပြင်၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ အပြင်း အထန် ထိုးစစ်ဆင်နေတာပါ။


ဓာတ်ပုံ – PNDF-KK