ဒီမော့ဆိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးနှစ်ဦးဒါဏ်ရာရ

မတ်၊ ၁၄

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူတွေ ရှိနေတဲ့နေရာတခုကို မြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး ၆လုံးထက်မနည်းပစ်ခေတ်ခဲ့တဲ့အတွက်  လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစီးထိမှန် ပြီးအမျိုးသမီးနှစ်ဦးထိခိုက်ဒါဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့ မတ်လ ၁၄ရက်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်တစ်နေရာကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ၆လုံးခန့်ပစ်ခတ်ခဲ့ပြီး လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစ်စီးထိမှန်ပြီး အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြိးတော့တဦးမှာဒါဏ်ရာပြင်းထန်ခဲ့တာဖြစ်တယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကဆိုပါတယ်။

“တိုက်ပွဲမရှိပဲတောက်လျောက်ပစ်နေတာအနာက်ခြမ်းကတော့လက်နက်ကြီးပဲ။စစ်ရှောင်စခန်းကတောပြောလို့မရဘူး။အဲ့စခန်းအတွက်စျေးသွားဝယ်နေတဲ့ကားအနီးကျတာ။ အဲ့မှာပါတဲ့အမျိုးသမီးနှစ်ယောက်ထိတာတယောက်ကတော့အတော်ဒါဏ်ရာပြင်းတယ်။ဘေးလွတ်ရာတော်လှန်ရေးဆေးရုံတခုမှာတင်ထားတယ်”လို့ကရင်နီစစ်ရှောင်အရေးကူညီပေးနေသူတဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုအနောက်ခြမ်းနဲ့အရှေ့ခြမ်းရှိကျေးရွာတွေနဲ့စစ်ရှောင်နေရာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီးအပါအဝင်လေယာဥ်တွေနဲ့ပါဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့်  ဒေသခံအပါအဝင် စစ်ရှောင်လူထုတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့လဲသိရပါတယ်။

မတ်လ ၉ ရက်နေ့ကဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဆင်စစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပါတယ်။

ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင်လူဦးရေ နှစ်သောင်းခန့်က ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသလိုထပ်ဆင့်စစ်ရှာင်ကြသူတွေဟာသောင်းဂဏန်းမကဆက်လက်ရှိနေပြီလို့စစ်ရှောင်အရေးကူညီပေးနေသူတွေရဲ့ပြောကြားချက်အရသိရပါတယ်။

 ဓာတ်ပုံ – CJ