ကချင်အခြေစိုက်ပါတီသုံးခု စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံပြန်တင်

မတ်၊ ၁၁

အင်အားကြီး ကချင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ KIA/KIO က စစ်ကောင်စီရွေးကောက် ပွဲမှာ မပူးပေါင်းကြဖို့ ပြောထားပေမယ့်ကချင်ပြည် နယ်အခြေစိုက်ပါတီငါးခုထဲက သုံးခုကမှတ်ပုံပြန်တင်လိုက် ပါတယ်။

ကချင်ပြည်နယ် အခြေစိုက် ပါတီတွေဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး)ပါတီတွေက နိုင်ငံရေး ပါတီအဖြစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာဒီလ အစောပိုင်းက မှတ်ပုံပြန်တင်ထားတာပါ။

ဒီပါတီသုံးခုထဲက နှစ်ခုဟာ ကချင်ပြည်နယ်တွင်းအခြေစိုက်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ဆက်နွယ်တဲ့ ပါတီတွေဖြစ် ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီကတော့ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကချင်နိုင်ငံရေးပါတီတွေပူးပေါင်း ထား တဲ့ပါတီဖြစ်သလို လက်ရှိပါတီဥက္ကဌ ဒေါက်တာမနမ်တူးဂျာဟာလည်း အေအိုင်အို ခေါင်းဆောင်ဟောင်း တဦး ဖြစ်ပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ မှတ်ပုံပြန်တင်တာနဲ့ပတ်သက်လို့ ဒေါက်တာမနမ်တူးဂျာကို DNA ကိုဆက်သွယ် မေးမြန်း ပေမယ့် အစည်းအဝေးရှိနေလို့ ဆိုကာ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်း ပိုင်းက စစ်ကောင်စီကိုပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တဲ့ ဒေါ်ဒွဲဘူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ပြည်သူ့ပါတီဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့သဘောတူ လက်ခံခဲ့တဲ့ ဒေါ်ဒွဲဘူကို ပါတီဒုဥက္ကဌတာဝန်အပြင် ပါတီဝင် အဖြစ်ကပါ နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီက ကြေညာခဲ့ပါသေးတယ်။ဒါပေမယ့် အဲ့ဒီပါတီအနေနဲ့တော့ စစ်ကောင်စီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မှတ်ပုံပြန်တင်ပြီး ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားတဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တဦးဖြစ်သလို လီဆူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါ တီ (ဒူးလေး)ပါတီ နာယက ဦးရွှေမင်းကတော့ ဒေသအရေးတွေကို သွေးထွက်သံယိုမှုမရှိတဲ့ နိုင်ငံရေးလမ်းကြောင်းအရ ဆောင်ရွက်လိုတာကြောင့် ပါတီမှတ်ပုံပြန်တင်တာလို့ ပြောပါတယ်။

“လီဆူအများစုရှိတဲ့နေရာနဲ့ တခြားသောပါတီကိုထောက်ခံတဲ့မြို့နယ်တွေမှာ ယှဉ်ပြိုင်ဖို့ရှိပါတယ်၊ ဘယ်အစိုးရ တက်တက် ကျွန်တော်တို့က ရွေးကောက်ပွဲလုပ်ရင် ဝင်ကြရမှာပဲ၊ဘယ် UEC နဲ့မဆို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကော်ဖြစ်ဖို့ပဲလိုပါတယ် ” လို့ သူကဆိုပါတယ်။

ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း တသီးပုဂ္ဂလအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဖူးတဲ့ ပန်ဝါ ဒေသ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ဒီမိုကရေစီပါတီသစ်(ကချင်)ကတော့ ပြည်နယ် အခြေစိုက်ပါတီအဖြစ်မှတ်ပုံတင်ပြန်တင်ထားတယ်လို့ အဲ့ဒီပါတီ အတွင်းရေးမှူး ဦးခေါတိန်ကပြောပါတယ်။

“အရင်၂၀၂၀ ရွေးကောက်ပွဲ တုန်းကတော့ အမျိုးသားလွှတ်တော် တစ်နေရာနဲ့ ပြည်နယ်လွှတ်တော်တနေ ရာစာ ရခဲ့တာပေါ့၊ အခုကတော့အဲလောက်မလုပ်နိုင်တော့ဘူး ကိုယ်ပြည်နယ်လောက်ပဲ လုပ်နိုင်ဖို့ ကြိုးစား နေတာပေါ့ ” လို့ သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ ကချင်ပြည်နယ်က လက်နက် ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ KIO/KIA တို့ ကတော့ စစ်ကောင်စီကပြုလုပ်ပေးမယ်ရွေးကောက်ပွဲကို မပူး ပေါင်းကြဖို့ ပါဝင်တာတွေ မလုပ်ကြဖို့ သတိပေးထားသလို အဲ့ဒီလိုပါဝင်သူတွေဟာ စစ်ကောင်စီကိုထောက်ခံ သူတွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အဲဒီပြောဆိုထားတွေနဲ့ ပက်သက်ပြီး စိုးရိမ်ပူပန်မှုမရှိပေမယ့် စိတ်အနှောက်ယှက်တော့ ဖြစ်မိတယ်လို့ ဒူးလေး ပါတီ နာယက ဦးရွှေမင်းက ဆိုပါတယ်။

” ကျွန်တော်တို့က ဂရုစိုက်နေမှာတော့မဟုတ်ဘူး၊ကိုယ်လုပ်မယ့် လမ်းကြောင်းကို ကိုယ်သွားမယ်၊ ငြိမ်းချမ်းစွာ သွားမယ် သွေးထွက်မှုမရှိတဲ့ နိုင်ငံရေး ယဉ်ကျေးမှုနဲ့သွားမယ်၊ကိုယ်အဖွဲ့ကဘယ်ကဖြစ်လာတယ်ဆိုတာ ပြန် တွေးဖို့လိုတယ်၊ငြိမ်းချမ်းစွာသွားမ့ယ်သူတွေကို တားဆီးပိတ်ပင်မယ်ဆိုရင် မလိုလားအပ်တဲ့ လက်နက်ကိုင်တွေ ဖြစ်လာမယ် ” လို့ သူကပြောပါတယ်။

လက်ရှိမှတ်ပုံပြန်တင်တဲ့ ကချင်အခြေစိုက်ပါတီသုံးခုလုံဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာတချို့ အနိုင်ရခဲ့ပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီထူထောင်ချိန်မှာ ပါဝင်ခဲ့ပြီး ဥက္ကဌဟောင်းတဦးလည်းဖြစ်ကာ လက်ရှိအဲ့ဒီပါတီက နှုတ်ထွက်ထားတဲ့ ဦးကွမ်ဂေါင် အောင်ခမ်းကတော့ KIA ဘက်က သတိပေးပြောဆိုချက်တွေနဲ့ လက်ရှိအခြေ အနေတွေအပေါ် စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။

” မှတ်ပုံတင်တာ ကတော့သူတို့နဲ့ပဲသက်ဆိုင်တာပေါ့၊ဘယ်လိုခြေနေမှာဖြစ်နေပါစေ၊ အခွင့်အရေးကို ပြည်သူ တွက်လုပ်မယ်ဆိုတာရှိသလို အုပ်ချူပ်သူနဲ့ ပေါ်လစီအရ မတူဘူးဆိုရင် မလုပ်တဲ့အပိုင်းလည်းရှိပါတယ်၊ အား လုံးစဉ်းစားဖို့တော့လိုတာပေါ့နော်၊ ၁၉၉၀ အခြေအနေနဲ့တော့ မတူဘူးဆိုတာပြောချင်တယ်၊ ဒီအပေါ်မှာ သုံး သပ်ပြီးသွားကြရင်တော့ကောင်းမယ် ” လို့ သူကဆိုပါတယ်။

ကချင်ပြည်သူလူထုက ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး စိတ်ပါဝင်စားမှုမရှိသလို စစ်ကောင်စီဖက်ကလည်း ရွေး ကောက်ပွဲလုပ်ပေးမပေးဆိုတာ ပြောဖို့ခက်သေးတယ်လို သူကတဆက်တည်းသုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ မှတ်ပုံပြန်တင်တဲ့ ပါတီသုံးခုအပြင် ကချင်ပြည်နယ် အ ခြေစိုက်တဲ့ နောက်ထပ်နိုင်ငံရေးပါတီ နှစ်ခုနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ကချင်ပါတီ တခု လည်း ရှိနေပါသေးတယ်။ 

အဲ့ဒီပါတီတွေအနေနဲ့ မှတ်ပုံပြန်တင်မယ်၊မတင်ဘူးဆိုတာ မသိရသေးပါဘူး။အာဏာသိမ်းပြီးနောက် ဖမ်း ဆီးထောင်ချခံခဲ့ရပြီး မကြာသေးခင်က ပြန်လည်လွတ်မြောက်လာတဲ့ ကချင်အမျိုးသားကွန်ဂရက် ပါတီ (KNC)ဥက္ကဌ ဒေါက်တာအမ်ကောန်လကတော့ မှတ်ပုံပြန်တင်မယ်၊မတင်ဘူးဆိုတဲ့အပေါ် လတ် တလော မဖြေလိုသေးဘူးလို့ DNA ကိုပြောပါတယ်။

ဝိုင်းမော်မြို့နယ်မှာ အခြေစိုက်တဲ့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုတော့ ဆက်သွယ်လို့မရသေးပါဘူး။

ဓာတ်ပုံ – KSPP

ပုံစာ – ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း တွေ့ရတဲ့ KSPP ပါတီဝင်တွေနဲ့ ထောက်ခံသူများ