ရေသွားလှူတဲ့ ပရဟိတယာဉ်မှောက်လို့ တဦးသေဆုံး

မတ်၊ ၇

စစ်ကိုင်းမြို့၊ စစ်ကိုင်း-မင်းကွန်းလမ်း အာလောင်ကျေးရွာမှာရှိတဲ့ ဥတ္တရဘောဓိကျောင်းတိုက်ကို ရေလာလှူတဲ့ မန္တလေးမြို့အခြေစိုက် ပရဟိတအဖွဲ့တခု ရေသယ်ကားမှောက်ရာက အဖွဲ့ဝင်တဦးသေဆုံးသွားတယ်လို့ သိရပါ တယ်။

မန္တလေးမြို့အခြေစိုက် နိဗ္ဗာန်သုခအသင်းက ပရဟိတရေသယ်ယာဉ်ဟာ ဒီကနေ့ မတ်လ (၇)ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့ ဥတ္တရဘောဓိကျောင်းတိုက်ကို ရေလာလှူချိန် တောင်တက်လမ်းမှာ ကားနောက်ပြန်လိမ့်ကာ တိမ်းမှောက်မှုဖြစ်ခဲ့တာလို့ ဖြစ်စဉ်မှာ ကူညီပေးခဲ့သူတွေက ပြောပါတယ်။

“တောင်က အတော်မတ်တယ်၊ ရေကလည်းအပြည့်၊ ဂီယာမနိုင်ပဲ နောက်ပြန်လိမ့်တာလားတော့ မသိဘူး၊ သေတဲ့ သူက ရေတိုင်ကီပေါ်ထိုင်လိုက်လာတာ ကြောက်ပြီးခုန်ချတာဖြစ်မယ်၊ ခုန်ချတဲ့နေရာက ချောက်ဆိုတော့ နေရာမှာတင် သေဆုံးသွားတာ”လို့ စစ်ကိုင်းမြို့ခံ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက DNA ကို ပြောပါတယ်

တိမ်းမှောက်ခဲ့တဲ့ယာဉ်ဟာ ဂါလံ (၁၂၀၀)ဆန့် ပရဟိတရေသယ်ယာဉ်ဖြစ်ပြီး အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားလေးဦးထဲက အသက် (၆၃)နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MFSD