တူမီးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သူတွေအတွက် တိုက်ခိုက်လို့ စစ်ကောင်စီတပ်စိတ်မှူးအပါအဝင်သုံးဦးသေ

မတ်၊ ၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သူတွေအတွက် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကအထိုင်ချတဲ့ဂိတ်ကိုလာတဲ့ စစ်ကောင်စီတပ်သားသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်လို့ တပ်စိတ်မှူးအပါအဝင်သုံးဦးစလုံးသေဆုံးခဲ့ပါတယ်။

အဲ့ဒီ့တိုက်ခိုက်မှု့ကိုမတ်လ၂ရက်နေ့မနက်အစောပိုင်းက Local Mobile Team နှင့် ကြေးမုံတပ်ရင်း (တပ်ခွဲ-၃ )တပ်ရင်း၁၂ ရွှေဘိုခရိုင် -တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေဆီက MA4 တွဲ(၁) လက် /MA 11 (၁ )လက် /(၄၀-မမ)အသီး(၁၅)လုံး/MA11 ကျည်ဘောက်(၄ )ခု/လက်ပစ်ဗုံး(၂ )လုံး/5.56 ကျည်(၁၀၅)တောင့်တို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့လဲသိရပါတယ်။

“လာတာအိမ်စီးကားနဲ့လာတာ သုံးယောက်။ သူတို့ဖက်ကပြန်ပစ်ချိန်တောင်မရလိုက်ဘူ။းအဲ့ဒီ့ဂိတ်မှာဒီကောင်တွေကထိုင်ပြီးမုံရွာထွက်တဲ့ကားတွေကိုပိုက်ဆံတောင်းနေကျပဲ ။တပ်စိတ်မှူးပါတယ်ဆိုတာက သူကိုင်တဲ့တွဲပလပ်ပူးတွဲလက်နက်ကြည့်ပြီးအတည်ပြုနိုင်တာပါ”လို့ Local Mobile Team ( DPY ) မှ ဗိုလ်ကောင်းကင်က DNA ကိုပြောပါတယ်။

ဒီစစ်ဆင်ရေးဟာဆပ်ပြာကျင်းရွာတူးမီးတိုက်ပွဲအတွင်းကျဆုံးသွားခဲ့တဲ့ရဲဘော်တွေရဲ့တနှစ်နဲ့ရှစ်လပြည့်အထိမ်းအမှတ်အနေနဲ့ပြုလုပ်ခဲ့တာလို့လဲတိုက်ပွဲမှာပါဝင်ခဲ့တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင်စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့နဲ့ ပရဟိတသမားများ၊ အရပ်သားပြည်သူများ သေဆုံးသူစုစုပေါင်း (၃၂)ဦး ရှိခဲ့တယ်လို့သိရပါတယ်။

“ဒီမတ်လထဲမှာတော့ဖမ်းတာဆီးတာရွာတွေကိုမီးရှို့တာမျိုးမရှိသေးဘူး။အရင်ကစစ်ကြောင်းထိုးတုန်းကတော့ဖမ်းတယ်။သူတို့စစ်ကြောင်းတောက်လျောက်အထုတ်သယ်ခိုင်းတယ်။မသယ်နိုင်တဲ့သူတွေဆိုရိုက်နှက်ထားခဲ့တာသတ်ဖြတ်ခဲ့တာတွေရှိတယ်။ခုလဲဘုတလင်ကမြို့ပျက်ကြီးလိုပဲဖြစ်နေပါပြီ”လို့ဒေသခံတဦးကထပ်ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်မေလထဲမှာလဲစစ်ကောင်စီတပ်တွေကချောင်း၀ကြီးရွာရှိ စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးသာအေးရဲ့ညီမ ဒေါ်မြမြအိမ်ကို စစ်တပ်က မီးရှို့ခဲ့သလို လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုတွေကဘုတလင်နယ်ထဲမှာစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ် ကြောင်းတွေဆက်လက်ထွက်ပြီးဆန္ဒထုတ်ဖော်တာတွေရှိနေဆဲမြို့နယ်တခုလဲဖြစ်ပါတယ်။