စစ်တပ်ဖမ်းသွားတဲ့ ဆောဒေသခံသုံးဆယ်ကျော် တပတ်ကြာတဲ့အထိပြန်မလွှတ်သေး


မတ်၊ ၃

မကွေးတိုင်း၊ ဆောမြို့နယ်၊ သရက်ချဉ်ရွာက အရပ်သား (၃၂) ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တပတ်အကြာ မတ်လ ၃ ရက် ဒီကနေ့အထိ ပြန်မလွတ်ကြသေးဘူးလို့ ဆောဒေသခံ တွေကဆီကသိရပါတယ်။

 “ကျောက်ထုတပ်ထဲမှာဖမ်းထားတာ၊ကလေးတွေရော၊အဖွားကြီးတွေရော၊ ဖမ်းတုန်းကလှည်း ကလည်းသုံးစီး ဝန် အပြည့်နဲ့ပါသွားတာ၊စစ်ရှောင်ဖို့တင်ထားတဲ့ရိက္ခာတွေ” လို့ ဆောနယ်ဒေသခံတဦးကပြောပါတယ်။

 ဖမ်းဆီးခံရသူတွေထဲမှာ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ အမျိုးသမီးတွေနဲ့ သုံးလအရွယ်ကလေးကစ ပါဝင်ပြီးစစ် ရှောင်ဖို့ကြိုးစားနေစဥ်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကျေးရွာသားတွေကိုဒေသခံကာ ကွယ်ရေးတပ်ဖွဲ့တခုက ဖမ်းဆီးထားတဲ့ ရဲဝန်ထမ်းတဦးရဲ့ မိဘ နှစ်ဦးနဲ့အလှဲအလယ်လုပ်ဖို့ စစ်ကောင်စီဘက်က သတင်းလွှင့်ထားတယ်လို့ ဆိုပြီးဒီအချက်ကို DNA အနေနဲ့ သီး ခြားအတည်မပြုနိုင်သေးပါဘူး။

သရက်ချဥ်ကျေးရွာမှာနေထိုင်တဲ့ ရဲဝန်ထမ်းမိဘနှစ်ဦးဟာ ကျေးရွာတွင်းကပြည်သူတွေနဲ့ပတ်သက်ပြီး စစ်တပ်ကို သတင်းပေးခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တခုက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလမှာဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသ ခံတွေဆီကသိရပါတယ်။ဘယ်တပ်ဖွဲ့က ဖမ်းဆီးတယ်ဆိုတာတော့မသိရသေးပါဘူး။

 “သူတို့နှစ်ယောက်ကိုဖမ်းသွားတာက ရဲအဖေအမေမို့ဖမ်းတာမဟုတ်ဘူး၊သူတို့သားရဲဘော်ကလည်း ရာထူးကြီးတဲ့ ထဲကမဟုတ်ဘူး၊သေးသေးလေး၊ဘယ်မှာတာဝန်ကျတယ်တော့မသိဘူး၊သူ့ဟာသူနေရင်ဘာမဖြစ်ဘူး၊ စစ်တပ်ကို သတင်းပေးတာ။ အဲ့ဒါပေါက်ကြားတော့ဖမ်းသွားတာ” လို့ ဒေသခံတဦးကပြောပါတယ်။

 သရက်ချဥ်ကျေးရွာဟာ ကျောက်ထုမြို့နဲ့သုံးမိုင်အကွာက အိမ်ခြေကိုးဆယ်နီးပါး၊ လူဦးရေငါးရာဝန်းကျင် သာရှိ တဲ့ကျေးရွာတရွာဖြစ်ပါတယ်။ စစ်တပ်က နောက်ထပ်စီးနင်းဖမ်းဆီးမှုတွေလုပ်မှာစိုးရိမ်တဲ့အတွက် လက်ရှိမှာ ကျေးရွာ ဒေသခံတွေ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။