ရန်ကုန်မြိုမှာ ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေအတွက် လွမ်းဆွတ်ခြင်းလူထုလှုပ်ရှားမှု

ဖေဖော်ဝါရီ၊ ၂၈

စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရင်း စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြား ရန်ကုန်မြို့မှာ ကျဆုံးသွားသူတွေအတွက် လွမ်းဆွတ်ခြင်းလှုပ်ရှားမှုအနေနဲ့  သူတို့ရဲ့ရုပ်ပုံပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ရင်း ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေက လူထုလှုပ်ရှားမှုတခုလုပ်ခဲ့တာကို ဒီကနေ့ဖေဖော်ဝါရီ ၂၈ ရက်မှာထုတ်ပြန်လာပါတယ်။

စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြား ပထမဆုံးကျဆုံးသွားတဲ့ပြည်သူတွေဖြစ်တဲ့ မောင်ဇင်လင်းထက်၊ ဒေါ်တင်နွဲ့ရီ၊ ကိုဟိန်းထွဋ်အောင် နဲ့ ကိုညီညီအောင်ထက်နိုင်တို့ရဲ့ ပုံတူပါတဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး သူတို့ပစ်ခတ်ခံရတဲ့နေရာတချို့မှာလှုပ်ရှားမှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၁ အခုလိုအချိန်မှာ လူထုအားလုံးဟာ သတ္တိအပြည့်၊ အားမာန်အပြည့်၊ နာကျည်းချက်အပြည့်နဲ့စစ်ကောင်စီကို တိုက်ထုတ်ဖို့ခံယူချက်တွေခိုင်မာခဲ့သလို လက်ရှိအချိန်မှာလည်း ကျဆုံးခဲ့တဲ့ပြည်သူတွေနဲ့အတူ တော်လှန်ရေးကို ရရာနည်းလမ်းနဲ့အားဖြည့်ဖို့ ကိုလည်း တော်လှန်ရေးအင်အားစုတွေကလူထုကိုတိုက်တွန်းထားကြပါတယ်။