ပေါက်နယ်မှာ စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သားလေးဦးသေဆုံး၊ ပြည်သူသုံးထောင်ကျော်စစ်ဘေးရှောင်နေရ

ဖေဖာ်၀ါရီ၊ ၂၅

မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ ရေပြာကျေးရွာကနေစစ်ကြောင်းထိုးလာတဲ့ အင်အား၁၅၀ပါ စစ်ကောင် စီစစ် ကြောင်း ကို ဖေဖော်ဝါရီ ၂၄ရက် မနေ့မနက်ပိုင်းက ရေတိမ်ကျေးရွာနဲ့ကျွန်းတော ကျေးရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သားလေးဦးသေဆုံးသွားတယ်လို့ ဒေသအခြေစိုက် ပြည်သူ့တော်လှန်ရေး တပ်ဦး(PRF)၊ ဗဟိုသတင်းနဲ့ ပြန် ကြားရေးဌာန တာဝန်ခံက DNA ကိုပြောပါတယ်။

“သူတို့ဘက်မှာလည်း သတင်းပေးလမ်းပြတဲ့သူတွေရှိတယ်၊ဒီတော့သူတို့က လမ်းတွေအတိုင်းမလာတော့ဘူး၊ တောလမ်းတွေ၊ ချောင်းစပ်ဘေးတွေကနေလာတယ်၊ကျွန်တော်တို့အလစ်စောင့်ကြိုတိုက်တာမှာ မျက်မြင် လေး ယောက်သေတယ်” လို့ သူကပြောပါတယ်။

ပေါက်မြို့နယ်က ပျူစောထီးကျေးရွာဖြစ်တဲ့ ကုက္ကိုလ်စုကျေးရွာကို ဖေဖော်ဝါရီ ၂၂ ရက်မှာ ဒေသခံကာကွယ် ရေး ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးကတည်းက စစ်ကောင်စီဟာ ပေါက်မြို့နယ်ကျေးရွာတွေကို စစ်ကြောင်း ထိုးနေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

” မနေ့ကဖြစ်တဲ့တိုက်ပွဲက ကြီးကြီးမားမားတိုက်ပွဲကြီးတော့မဟုတ်ဘူး၊စစ်ကြောင်းကို စောင့်ပြီးအလစ် တိုက်ကြ တာ” လို့ ဒေသခံတဦးကပြောပါတယ်။

 စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ပေါက်မြို့နယ်ကကျေးရွာတွေကို ရွာစဥ်တလျောက် စစ်ကြောင်းထိုး နေတာကြောင့် ရွာခြောက်ရွာလောက်က ဒေသခံပြည်သူသုံးထောင်ကျော် ဘေးလွတ်ရာကိုတိမ်းရှောင် နေရ တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းကဒီမနက် အုန်းတောဘက်ကိုတစ်ဖွဲ့၊မုန်ကုန်းဘက်ကို တစ်ဖွဲ့ သွားတယ်၊ မုန်ကုန်းဘက်ကိုသွား တဲ့ဟာက အင်အားတရာလောက်ရှိတယ်၊ကျွန်တော်တို့စောင့်ကြည့်နေရတယ်” လို့ဒေသခံတဦးကပြောပါတယ်။

 စစ်ကောင်စီစစ်ကြောင်းကို မနေ့က စောင့်ကြိုတိုက်ခိုက်ရာမှာ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ပခုက္ကူ လှုပ်ရှား စစ်ဒေသနဲ့အတူ ပခုက္ကူခရိုင်တပ်ရင်း၁၆တပ်ခွဲ(၁)Pakokku GZ၊PDO/PDA(People’s Democratic Armyတပ်ခွဲ ၂၊Black ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိ အခိုက်မရှိခဲ့ ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၄ ရက်ညနေပိုင်းမှာပဲ ရှခွာကြီးရွာနဲ့ ရှခွားလေးရွာကြားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေ ဒုတိယကြိမ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမူရှိ နိုင်တယ်လို့ လည်း PRF ကထုတ်ပြန်ထားပါတယ်။