ကရင်

  • မြန်မာနိုင်ငံသည် လွတ်လပ်ရေးရ၍ ပြည်ထောင်စု မြန်မာနိုင်ငံကို တည်ထောင်လာသောအခါ၌ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကော်သူလေး ဟူသော အမည်ဖြင့် သံလွင်ခရိုင်ကို အခြေပြုကာ ကရင်ပြည်နယ်ကို လျာထားပေးခဲ့သည်။ 
  • ကရင်အစုဝင် ဘာသာစကားပြောဆိုသော လူမျိုးတို့မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့အနက် ဒုတိယ လူဦးရေအများဆုံး ဖြစ်သည်။ 
  • ပြောဆိုသော ဘာသာစကားအလိုက် ကရင်တို့၏ ပင်ရင်း အနွယ်ကို သတ်မှတ်ရာ၌ ဘာသန္တရပညာရှင်တို့သည် ဝိဝါဒကွဲလျက် ရှိကြသည်။ “အိန္ဒိယနိုင်ငံ ဘာသန္တရစစ်တမ်းကြီး” တွင် ကရင်စကားသည် မန်အစုဝင် ဖြစ်မည်ဟု ယူဆ၏။ မစ္စတာမာရှယ်ကမူ ထိုင်း – တရုတ် အနွယ်ဝင် ဟု ဆိုသည်။ ရှေးကျသည့် တောင်ပေါ်ကရင် စကားများကို လေ့လာတတ်မြောက်သော ပါမောက္ခ ဂျီ၊ အိပ်၊ လု(စ) က ကရင်စကားမှာ မြန်မာစကားကဲ့သို့ပင် တိဗက် မြန်မာအစုဝင် ဟု ဆုံးဖြတ်ထားသည်။ 
  • ကရင်တို့ကို တောင်ပေါ်ကရင်၊ ကွင်းကရင်ဟု နှစ်စုခွဲနိုင်ရာ တစ်စုနှင့် တစ်စုမှာ ဘာသာစကား၌၎င်း၊ ပုံပန်းသဏ္ဍာန်၌၎င်း၊ ကွဲပြားသည်။ 
  • ကရင်ဟူသော အမည်မှာ မြန်မာတို့က ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ 

 

ကောက်နုတ်ချက်။      ။ 

ဤအချက်အလက်များကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) စာအုပ်၊ ကရင်ပြည်နယ် / ကရင်လူမျိုး အကြောင်းအခန်း၌ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။