ရှမ်းပြည်နယ် ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ မိုးကြီးပြီး မိုးသီးတွေကြွေ

ရှမ်းပြည်နယ်၊ တောင်ပိုင်းမှာရှိတဲ့ ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးတွေကြွေကျတဲ့ မြင်ကွင်းတွေကို ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေထားကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာလည်း မနေ့ ဖေဖော်ဝါရီ ၁၆ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ရှိခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနရဲ့ ညနေ ၄နာရီ သတင်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၇ ရက်အတွက် မိုးလေဝသခန့်မှန်းချက်မှာတော့ မြစ်ကြီးနားမြို့၊ ကျိုင်းတုံမြို့၊ တောင်ကြီး၊ နေပြည်တော်၊ ပဲခူးနဲ့ ရန်ကုန်၊ ပုသိမ်၊ လွိုင်ကော်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်တို့မှာ နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။
Photo – Voice of Pinlaung