ကရင်နီ (ကယား)

• ယခု ကယားလူမျိုးဟု ခေါ်ဝေါ်ခြင်းခံရသူများကို ယခင်က “ကရင်နီလူမျိုး” ဟု ခေါ်ဝေါ်ခဲ့ကြလေသည်။
 
• ကယားလူမျိုးများမှာ မြန်မာပြည်အတွင်းသို့ တရုတ်ပြည်ဘက်မှ အစောဆုံး ရောက်လာခဲ့သော “မွန်ခမာ” လူမျိုးကြီးမှ ဆင်းသက်လာသည့် မွန်ခမာအနွယ်ဝင် လူမျိုးများဖြစ်၏။
 
• မြန်မာပြည်ကို အင်္ဂလိပ် လွှမ်းမိုးစဉ်အခါက ကယားနယ်ကို မသိမ်းပိုက်ဘဲ မြန်မာအစိုးရနှင့် ဗြိတိသျှတို့ ပဋိညာဉ်စာချုပ်အတိုင်း ကယားပြည်နယ်ကို လွတ်လပ်ရေး ပေးထားခဲ့လေသည်။
 
• ကယားပြည်နယ်များသည် မည်သည့်အခါကမျှ ဗြိတိသျှအစိုးရလက်အောက်သို့ ကျရောက်ခြင်း မရှိချေ။ သို့ရာတွင် ဗြိတိသျှအစိုးရနှင့် စာချုပ်သဘောအားဖြင့် (ဆာနဒ်) အမိန့်ကို လက်ခံဆက်သွယ် ဆောင်ရွက်ခဲ့ရ၏။
 
ကောက်နုတ်ချက်။ ။
ဤအချက်အလက်များကို ဦးသန့်၏ ပြည်တော်သာခရီး (ပေါင်းချုပ်) စာအုပ်၌ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းစာအုပ်ကို ပဉ္စဂံစာအုပ်တိုက်က ၂၀၁၄ ခုနှစ် မေလ တွင် ဒုတိယအကြိမ် (ပ/ဒု) ပေါင်းချုပ် ထုတ်ဝေထားပြီး စာမျက်နှာ ၁၈၇ မှ ၁၈၉ ပါ ဖော်ပြချက် တချို့ကို ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။