ဧရာဝတီနဲ့ရခိုင်မှာ ဆန်စပါးဈေး တဟုန်ထိုး စံချိန်တင်မြင့်တက်

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေကဒေသ တွင်း ဆန်စပါးဈေးကွက် တွေမှာ စပါးဈေး နဲ့ ဆန်ဈေး တွေ ဟာတဟုန်ထိုး စံချိန်တင် မြင့်တက် နေတယ်လို့ ဒေသခံ ဆန်စပါး ရောင်းဝယ် သူတွေနဲ့တောင်သူတွေ ဆီက သိရပါတယ်။ 

ဇန်နဝါရီ နောက်ဆုံးပတ် အတွင်း က မနောသုခ၊ ရေဆင်း၊ ပခန်း၊ ရွှေသွယ်စတဲ့ ကောက်ကြမ်း စပါးဈေး တင်း တရာ ကို ကျပ် ၁၃ သိန်း ရှိနေရာက ကျပ် ၁၇ သိန်းအထိ မြင့်တက်လာပြီး ၊ ပေါ်ဆန်းရင် နဲ့ တောင်ပြန်(ငကျွဲ)အပါ အ ဝင် ပေါ်ဆန်းအုပ်စုဖြစ်တဲ့ ကောက်ချော စပါးဈေးမှာ တင်း တရာကို ကျပ် ၂၁ သိန်းရှိနေရာက ၂၅ သိန်း အ ထိ  မြင့်တက်လာတာပါ။

 “ ဒီလို အဆမတန် ဈေးခုန်တက်တာမျိုး မကြုံဘူးခဲ့ဘူး အတက်ကြမ်း လွန်း တယ်၊ ကျွန်တော် တို့ပွဲစားတွေ အနေနဲ့ တက်ဈေးကျဈေး ကြမ်းတာ မကြိုက်ဘူး ပုံမှန်လေးပဲကြိုက်တယ် ခု တော့ စပါးဈေးတက် တော့ ဆန်ဈေးလည်း တက်တော့တာပေါ့” လို့ ဝါရင့်ဆန်စပါး ပွဲစား တဦး ကဆိုပါတယ်။ 

စပါးဈေး မြင့်တက်လာတာကြောင့် ဆန်ဈေးတွေလည်း မြင့်တက်လာကာ ပုသိမ် ဧရာဝတီ ပေါ် ဆန်း နဲ့ဖျာပုံ ပေါ်ဆန်း ၂၄ပြည်ဝင် တစ်အိတ် ၈၄၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ကျပ် တစ်သိန်း နှစ်သောင်းကျော် ဖြစ် ပြီး ရေဆင်း၊ ရက် ၉၀ ၊ မနှောသုခ ဆန်တွေက ၂၄ ပြည်ဝင် တစ်အိတ် ၅၅၆၀၀ ကျပ်၊ ပခန်း၊ ရွှေသွယ်တစ်အိတ် ၆၃၄၀၀ ကျပ် အထိ မြင့် တက်လာတယ်လို့သိရပါတယ်။

ဒီလိုစပါးဈေးမြင့် တက်လာတာ ဟာ ဓါတ်မြေဩဇာ ပိုးသတ်ဆေး စက်သုံးဆီ သယ်ယူပို့ဆောင် စရိတ်စတဲ့ သွင်း အားစု စိုက်ပျိုးစရိတ် တွေ မြင့်တက်လာတဲ့ အပြင် စစ်ကောင်စီ နဲ့ ခရိုနီ တွေ က တောင်သူတွေရဲ့ ထွက်ရှိ စပါး ၆၅ ရာ ခိုင် နှုန်းကို အတင်း အကျပ် ဖိအားပေး ဈေးနှိပ်ဝယ် ထားပြီး လူထုကိုပြန်ထုတ် ရောင်းမပေးပဲ သိုလှောင် ထားတာ ကြောင့် ဖြစ်တယ် ဒေသခံ တောင်သူတွေဆီကသိရပါတယ်။

“အဓိက ကတော့ အတင်းအကျပ်ဈေးနှိမ်ယူထားတဲ့ အရံဆန်ကို သင့်တင့်တဲ့ ဈေးနဲ့ ပြန်ရောင်း မပေးတော့ ဈေး ကွက်ထဲ ဆန်ပြတ်လာတယ်၊ ဝယ်လို အား က စွတ်လိုက်လာတယ်၊ ရောင်းစရာ ကမရှိဘူး အဲတော့ လယ်သမား ကလည်း နောက်တရာသီ စိုက်ဖို့ ရှိတာလေးကို ဈေးတင်ရောင်းကြတာပေါ့” လို့ မြောင်းမြ ဒေသခံ တောင်သူ တဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း က စစ်ကောင်စီ နဲ့ ခရိုနီ တွေ ပေါင်းပြီး သဘာဝဘေးနဲ့ အခြား ကြပ်တည်းမှုတွေ ဖြေရှင်းဖို့ ဆိုတဲ့ ခေါင်းစဉ် နဲ့ အရံဆန် လိုအပ်တယ် ဆိုပြီး တောင်သူတွေရဲ့ ထွက်ရှိ စပါး ၆၅ ရာ ခိုင်နှုန်း ကို တင်းတရာ ကို ၈၅၀၀၀၀ ကျပ်နဲ့ အ တင်းအကျပ် ဖိအားပေး ဈေးနှိပ်ဝယ်ယူ ခဲ့ပါတယ်။ 

တောင်သူတွေရဲ့ လယ်က ထွက်တဲ့ စပါးရဲ့ ကျန် ၃၅ ရာခိုင်နှုန်း ကို ကာလပေါက်ဈေး နဲ့ စိတ်ကြိုက် ကုန် သည်ထံ ရောင်းနိုင် ကြောင်း သတ်မှတ် လိုက်တာကြောင့် စပါးဈေး ကောင်းပေမယ့် တောင်သူတွေ အ တွက် အကျိုးမဖြစ်ထွန်း လို့ ဒေသခံ တောင်သူတွေ ထံက သိရ ပါတယ်။

နိုင်ငံရေး စစ်ရေး စီးပွားရေး စိတ်ဝင်စား လေ့လာသူ တွေကတော့ စစ်ကောင်စီ အနေနဲ့ စပါးစိုက် တောင် သူတွေ ထံ က စပါး ၆၅ ရာခိုင်နှုန်း ကို ဈေးနှိမ်ပြီး အတင်း အကျပ်ဝယ်ခဲ့တာ ဟာ တော်လှန်ရေး အင် အားစု ဆီကို ရိက္ခာ ဆန် တွေ မရောက်စေဖို့ အတွက်  ဖြစ်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။

အလားတူ ရခိုင်ပြည်နယ်မှာလည်း  မုန်တိုင်းကြောင့် စပါးခင်းတွေ ဆားငံရေဝင်ခဲ့တာ၊ မြေဆီ၊ မြေဩဇာ တွေ အလုံအလောက် မသုံးနိုင်ခဲ့တာ တို့ကြောင့် စပါးအထွက်နှုန်းတွေ သိသိသာသာ လျော့နည်းခဲ့ပြီး ဆန်၊ စပါး စျေးတွေဟာလည်း အရင်နှစ်တွေကထက် မြင့်တက်နေတယ်လို့ လယ်သမားတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ပေါ်ဆန်းမွှေး စပါးတင်းတရာကို ကျပ်၁၂ သိန်း ဝန်းကျင်ပဲ ရှိခဲ့ရာကနေလက်ရှိမှာ ၁၇ သိန်း ကျော်အထိ ထိုးတက်သွားတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။ စပါးစျေးနဲ့အတူ ဆန်စျေး ဟာ လည်း အရင်က ငါးသောင်းဝန်းကျင်ရှိခဲ့ရာကနေအခု ရှစ်သောင်းကျော်လောက်အထိ ရှိနေပြီဖြစ် တယ်လို့ ဆို ပါတယ်။

“ဒီနှစ်က စပါးတွေ လုံး၀မဖြစ်ဘူးလေ၊သုံးပုံတစ်ပုံလောက်ထိ အထွက်နည်းခဲ့တယ်၊အဲဒါကြောင့် စပါးစျေး တွေ အဆမတန်တက်နေတာပါ၊လယ်သမားအတွက်တော့ ကောင်းတာပေ့ါ၊ဒါပေမယ့် ဆန်စျေး၊ စပါး 

စျေးတက်ရင် အကုန်လုံးက ခံကြရတယ်၊တိုင်းပြည်ဘယ်လိုဖြစ်လာဦးမလဲ စိတ်ပူရတယ်”လို့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က လယ်သမား ဦးမောင်သန်းက ပြောပါတယ်။

ရခိုင်မှာ မုန်တိုင်းဝင်ခဲ့တာကြောင့် စပါးခင်းဧကပေါင်း တသိန်းကျော် ပျက်စီးခဲ့ရပြီး စပါးအထွက်နှုန်း ဟာလည်း အရင်နှစ်က ရခိုင်တပြည်နယ်လုံးရဲ့ စပါးအထွက်နှုန်းဟာ တင်းသန်းပေါင်း ၆၀ ကျော်ရှိခဲ့ပြီး အခုနှစ်မှာတော့ တင်းသန်းပေါင်း ၄၀ ဝန်းကျင်လောက်ပဲ ရှိခဲ့တယ်လို့ ဒေသတွင်းတောင်သူလယ်သမားအ ဖွဲ့အစည်း တွေက ခန့်မှန်းထားကြပါတယ်။