Jin Tian ကုန်တင်သင်္ဘောနစ်မြုပ်မှုမှာ ပျောက်ဆုံး​နေတဲ့ မြန်မာသင်္ဘောသား ငါးဦး သုံးပတ်နီးပါးကြာအထိ ရှာမတွေ့

ဂျပန်နိုင်ငံ Nagasaki ကမ်းလွန်ပင်လယ်ပြင်မှာနစ်မြှုပ်သွားတဲ့ Jin Tianကုန်တင်သင်္ဘောဖြစ်စဉ်မှာ ပျောက် ဆုံးနေတဲ့ မြန်မာနိုင်ငံသားသင်္ဘောသား ငါးဦးကို ဒီကနေ့အထိရှာမတွေ့သေးဘူးလို့ စစ်ကောင်စီ လက်အောက်ခံ ၊တိုကျိုမြို့မြန်မာသံရုံးကထုတ်ပြန်ပါတယ်။

 Jin Tian ကုန်တင်သင်္ဘောဟာ တောင်ကိုရီးယားနဲ့ဂျပန်ရေပိုင်နက်ကြားမှာ ဇန်နဝါရီ၂၅ရက် မနက်ပိုင်း ကနစ် မြုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ မြန်မာသင်္ဘောသား ၈ဦးနဲ့တရုတ်နိုင်ငံသားသင်္ဘောသား ၁၅ဦး လိုက်ပါ ခဲ့ပြီး နစ်မြုပ်ပြီးနောက်မှာ မြန်မာသင်္ဘောသား သုံးဦးကို ရှာတွေ့ခဲ့ပေမယ့် နှစ်ဦးကတော့သေဆုံးခဲ့ပါတယ်။

 ပျောက်ဆုံးနေတဲ့ ကျန်မြန်မာနိုင်ငံသားငါးဦးကို ဒီနေ့အချိန်အထိ ဂျပန်နိုင်ငံ အာဏာပိုင် အဖွဲ့အစည်း တွေက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပေမယ့် ရေပြင်ရှာဖွေရေးလုပ်ငန်း တွေ ရပ်ဆိုင်းလိုက်ပြီး ဝေဟင်ကတဆင့် ရှာဖွေတဲ့လုပ်ငန်းတွေကိုသာ ဆက်လက်ဆောင်ရွက်နေတယ်လို့သံရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသင်္ဘောသားအလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင်တဦးကတော့ ပျောက်ဆုံးနေတဲ့မြန်မာ သင်္ဘောသားတွေ ကိုပြန်ရှာတွေ့ဖို့ အခုအချိန်အထိ မျှော်လင့်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

“အကောင်းဘက်ကဘဲတွေးပြီးမျှော်လင့်တယ်၊ဆုလည်းတောင်းပေးပါတယ်”လို့သူကပြောပါတယ်။ အဲဒီသင်္ဘောနစ်မြုပ်မှုအတွင်းမြန်မာနိူင်ငံသား ငါးဦးနဲ့အတူတရုတ်နိူင်ငံသား လေးဦးလည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

အသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့ မြန်မာသင်္ဘောသား ဦးဇေယျာမင်းကိုတော့ ဖေဖော်ဝါရီ ၈ရက်မှာ မြန်မာ နိုင်ငံကိုပြန်ပို့ပေးလိုက်ပြီလို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။