ရန်ကုန်မြို့မှာ အခုလအတွင်း မီးလောင်မှုတွေ နေ့စဉ်နီးပါးဖြစ်နေပြီး အခုလ ကိုးရက်အတွင်း မီးလောင်မှု အ ကြိမ်နှစ်ဆယ်ကျော်ြဖစ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်တဲ့ မီးလောင်မှုဖြစ်စဉ်တွေအရသိရပါတယ်။
ဖေဖော်ဝါရီ(၁)ရက်ကနေ (၉)ရက်အထိ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ မီးလောင်မှု ဖြစ်စဉ်တွေအရ ရန် ကုန် စည်ပင်နယ်နိမိတ်ထဲက မြို့နယ်(၁၅)ခုမှာ ကိုးရက်အတွင်း မီးလောင်မှု (၂၁)ကြိမ်ဖြစ်ခဲ့တာပါ။အဲ့ဒီမီးလောင်မှု (၂၁)ကြိမ်ထဲက တခုဟာ ကားမီးလောင်မှုဖြစ်ပါတယ်။
ရန်ကုန်မှာ တနေ့ကို မီးလောင်မှု နှစ်ကြိမ်ထက်မနည်း နေ့စဉ်ရှိနေတဲ့သဘောဖြစ်ပါတယ်။
ကိုးရက်အတွင်း ရန်ကုန်က မီးလောင်မှု(၂၁)ကြိမ်မှာ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ လေးဦး ထက် မနည်းရှိခဲ့တယ်လို့ မီးလောင်မှုဖြစ်ခဲ့တဲ့ မြို့နယ်တွေက ဒေသခံတွေနဲ့ ပရဟိတလူမှုကယ်ဆယ်ရေး အဖွဲ့ တွေဆီကသိရပါတယ်။
DNA ပြုစုထားတဲ့အချက်အလက်တွေအရ အဲ့ဒီကိုးရက်အတွင်း ဗိုလ်တထောင်၊မင်္ဂလာတောင်ညွန့်၊မရမ်းကုန်းနဲ့ လှိုင်သာယာမြို့နယ်တွေမှာ မီးလောင်မှုနှစ်ကြိမ်စီရှိခဲ့ပြီး ကားမီးလောင်မှုတခုရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ (၈)ရက်နေ့ကတော့ ရန်ကုန်မှာ တရက်တည်း မီးလောင်မှု ခုနစ်ကြိမ်အထိရှိခဲ့ပြီး အလုံနဲ့ လှိုင်သာယာ မြို့နယ်တွေမှာဖြစ်တဲ့ မီးလောင်မှုတွေအတွင်း လူနှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြပါ တယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက စလို့ ရန်ကုန်မြို့မှာ မီးလောင်မှုတွေခပ်စိတ်စိတ်ဖြစ်လာသလို စစ်ကောင်စီ လက် အောက်ခံ အုပ်ချုပ်ရေး အဖွဲ့တွေကလည်း အိမ်တွေမှာ မီးချိပ်၊မီးကတ်တွေ ထားရှိကြဖို့ လိုက်လံဖိအားပေးပြော ဆို တာတွေရှိလာတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
ဒါပေမယ့် မီးချိပ်၊မီးကတ်ထားရှိစေတဲ့စနစ်ဟာ လက်တွေ့ဖြစ်စဉ်တွေမှာထိရောက်တဲ့ မီးဘေးအန္တရာ ယ်ကာ ကွယ် ရေး အစီအမံတခုမဟုတ်ဘူးလို့လည်း ဝေဖန်ကြပါတယ်။
မီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်မြို့တွင်းမှာ မီးလောင်မှုတွေ နေ့စဉ်နီးပါး ခပ်စိတ်စိတ်ဖြစ်လာသလို ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပမြို့နယ်တွေမှာလည်း မြက်ခြောက်မီးလောင်မှုတွေ ဆက်တိုက်ဖြစ်လာနေတာ တွေ့ရပါတယ်။
ရန်ကုန်စည်ပင် နယ်နိမိတ်ပြင်ပ မြို့နယ်တွေဖြစ်တဲ့ မှော်ဘီ၊ထန်းတပင်၊တိုက်ကြီး၊လှည်းကူး၊တွံတေး စတဲ့မြို့နယ် တွေမှာ ကိုးရက်အတွင်း မီးလောင်မှု ခုနစ်ကြိမ်ရှိခဲ့ပြီး အဲ့ဒီအထဲက ခြောက်ကြိမ်ဟာ မြက်ခြောက်မီးလောင် မှုတွေ ဖြစ်တယ်လို့ မီးသတ်ဌာနကထုတ်ပြန်တဲ့ မီးလောင်မှုဖြစ်စဉ်တွေအရသိရပါတယ်။
ဒီကနေ့နေ့လယ်ပိုင်းကလည်း ထန်းတပင်မြို့နယ်၊တူးချောင်းကျေးရွာအနီးမှာ မြက်ခြောက်မီးလောင်မှုဖြစ်ခဲ့ သေးတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။