ထိုင်းမှာ ရေပိုက်ထဲကျပြီး ဆယ့်ခုနစ်နာရီကြာ ပိတ်မိနေတဲ့ကလေးငယ်ကို အသက်ရှင်လျက်ကယ်ထုတ်နိုင်

ထိုင်းနိုင်ငံမှာ မြေအောက်ရေပိုက်လိုင်းထဲ ပြုတ်ကျပြီး ဆယ့်ခုနစ်နာရီဝန်းကျင်ကြာပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်း မိသားစုဝင်ကလေးငယ်ကို ကယ်ဆယ်ရေး အဖွဲ့တွေကဒီကနေ့ မနက်ပိုင်းမှာ  အသက်ရှင်လျက်ကယ် ထုတ်နိုင် ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကဖော်ပြပါတယ်။

မြန်မာရွှေ့ပြောင်း လုပ်သားမိသားစု တနှစ်နဲ့ ခုနစ်လအရွယ်ကလေးငယ်ဟာ ဖေဖော်ဝါရီ(၆)ရက် မနေ့က ညနေ ငါးနာ ရီဝန်းကျင်မှာ အကျယ်တပေဝန်းကျင်၊အနက် ပေငါးဆယ် လောက်ရှိတဲ့ မြေအောက်ရေပိုက်လိုင်းထဲ ပြုတ် ကျပြီး ပိတ်မိနေ ခဲ့တာပါ။

အဲ့ဒီကလေးငယ်ဟာ ထိုင်းနိုင်ငံ တားခ်ခရိုင်၊ဖုပ်ဖရာ့မြို့၊ကျေးလက်ဒေသက ပီလောပီနံခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားမိဘတွေရဲ့ ကလေးငယ်ဖြစ်ပြီး ဒီကနေ့ မနက် ဆယ်နာရီခွဲဝန်းကျင်မှာ ကယ် ထုတ် နိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မီဒီယာတွေက ဖော်ပြပါတယ်။