အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ နယူးလမ်ကာမြို့နယ်၊ ဗယ်လ်ဗင်း(န)( Vaal veng) ကျေးရွာမှာ မြန်မာစစ် ဘေး ရှောင်(၁၀) ဦးကို ခရိုင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူဆယ်ဦးမှာ အမျိုးသားခြောက်ဦးနဲ့အမျိုးသမီးလေးဦးပါဝင်ပြီး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ကနေ လာ ရောက်နေထိုင်သူကိုးဦး၊ကလေးမြို့ကနေ လာရောက်နေထိုင်သူတဦးတို့ဖြစ်တယ်လို့ မဏိပူရ်ဝန်ကြီးချုပ် N. Biren Singhရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့အချက်အလက်တွေအရသိရပါတယ်။
မြန်မာစစ်ဘေးရှောင်တွေကို အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်နေထိုင်မှုနဲ့ ဖမ်းဆီးတာဖြစ်ပြီး မဏိပူရ် ပြည်သူတွေအနေနဲ့ အထောက်အထားမဲ့ မြန်မာစစ်ဘေးရှောင်တွေကို တွေ့ရင် ဒေသအာဏာပိုင်တွေဆီ အ ကြောင်း ကြဖို့ မဏိပူရ်ဝန်ကြီးချုပ်က တိုက်တွန်းထားသလို စစ်ဘေးရှောင်တွေကို တရားမဝင်နေ ထိုင်ခွင့် ပေး တဲ့ အိမ်ပိုင်ရှင် တွေကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
“မိုရေး(မြို့)ထဲတော့ ထပ်ဖမ်းတာမျိုးတွေ မရှိဘူး၊လမ်ကားဘက်မှာ ဖမ်းခံရတာ၊ဒါပေမယ့် ဒီနေ့တော့ ထပ်ပြီး ရှောင်နေဖို့ သတိပေးထားကြတယ်” လို့ စစ်ရှောင်တဦးကပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကစတင်ကာ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နယ်အတွင်း နေထိုင်တဲ့ မြန်မာစစ် ဘေး ရှောင်တွေကို ပြည်နယ်အစိုးရအဖွဲ့ကစတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင် (၉၅)ဦး ဖမ်း ဆီးခံထားရပြီလို့ အိန္ဒိယဘက်ရောက်နေတဲ့ မြန်မာစစ်ရှောင်တွေကပြောပါတယ်။
အိန္ဒိယဘက်ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီရော၊ NUG ပါ အိန္ဒိယအစိုးရနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
NUG နဲ့ အိန္ဒိယအစိုးရ ဆွေးနွေးမှုရလဒ်ကိုမသိရပေမယ့် စစ်ကောင်စီနဲ့ အိန္ဒိ ယ အစိုးရဆွေးနွေးပွဲအပြီးမှာ စစ် အာ ဏာသိမ်းမှုနှစ်နှစ်ပြည့်အဖြစ် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့မှာ လုပ်ဖို့စီစဉ်ထားတဲ့လမ်း လျှောက်ချီ တက်ပွဲကို အိန္ဒိယဗဟိုအစိုးရက ပိတ်ပင်ခဲ့သလို မြန်မာစစ်ဘေးရှောင်တွေကိုလည်း ဆက်လက်ဖမ်းဆီး နေ တာဖြစ်ပါတယ်။