ရှမ်းတောင်တိုက်ပွဲမှာဖမ်းဆီးခံထားရတဲ့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ သေဆုံးမှုတွေရှိနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအနီးမှာ  ပြီးခဲ့တဲ့ ဇန်နဝါရီပထမပတ်ထဲမှာ

စစ်ကောင်စီနဲ့ ရှမ်းတောင်ဒေသကာကွယ်ရေးတပ်တွေကြားဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီကဖမ်းဆီးထားတဲ့ တပ်ပေါင်းစုရဲဘော်တချို့နဲ့ အပြစ်မဲ့ ဒေသခံတချို့ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးမှုတွေ ရှိနေတယ်လို့ ရှမ်းတောင် တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ပါတယ်။

 ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ PNO(ပြည်သူ့စစ်)နဲ့ အင်းပျူစောထီးတွေနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းမှု ဆောင်ရွက်တာတွေမှာ ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ ညောင်ရွှေအင်းလေးဒေသတစ်ကြောရှိ လမ်းတွေကို ပိတ်ပြီး အစစ်အဆေးတွေဆက်ပြီး ပြုလုပ်နေတယ်လို့ USSFU က ဇန်နဝါရီလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

 အခုလို PNO(ပြည်သူ့စစ်)နဲ့ အင်းပျူစောထီးတွေအနေနဲ့ စစ်တပ်နဲ့ ပေါင်းပြီး လူထုရဲ့ လွတ်လပ်စွာသွားလာခွင့်နဲ့ အသက်အန္တရာယ်တွေကို ဆက်လက်ခြိမ်းခြောက်နေမယ်ဆိုပါက စစ်ကောင်စီတပ်နဲ့ တန်းတူထားကာ ပိုမို ပြင်ထန်းတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဒီနှစ်အတွင်းဒေသခံတွေကို မတရားဖမ်းဆီးနှိပ်စက်မှုတွေကို လက်ရှိမှာ စာရင်းကောက်ယူနေဆဲမို့ မပြောပေမယ့် လူထုကို မတရားဖမ်းဆီးနေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုပါတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ဒေသခံပြည်သူတွေအပေါ် လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့် သေဆုံးသူ ၂၀ ကျော်အပါအဝင် ၅၀ ဦးထက်မနည်းဟာ ထိခိုက်နစ်နာခဲ့ရတယ်လို့ လည်း သူကဆက်ပြောပါတယ်။

 သေဆုံးသူတွေဟာ လက်နက်ကြီးနဲ့ ရပ်ရွာထဲ ပစ်လို့ သေဆုံးတာ၊ သေနတ်နဲ့ ရမ်းတမ်းပစ်လို့ သေဆုံးတာနဲ့ PDF လို့ စွပ်စွဲပြီး သတ်ဖြတ်ခံရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကသိရပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအနီး ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု (USSFU)နဲ့ စစ်ကောင်စီ၊ အင်းပျူစောထီး၊ PNO(ပြည်သူ့စစ်)ပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က ၃၀ကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 USSFU တပ်ပေါင်းစုဘက်က အမှတ် (၁၀၀၉) တပ်ရင်း (အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)ရဲ့ တပ်ရင်းမှူးနှင့် ရဲဘော်အချို့ ကျဆုံးပြီး ရဲဘော်အချို့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

 ဒီတိုက်ပွဲ မဖြစ်ခင်နဲ့  ဖြစ်ပွားပြီးတဲ့နောက် ဒေသခံအများအပြားဟာ မတရားဖမ်းဆီးခံထားရပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာ ၁သိန်းမှ ၁၀ သိန်းအထိ သက်ဆိုင်ရာရဲစခန်းနဲ့ တပ်ဖွဲ့တွေကို ပေးဆောင်ကာ ပြန်လွတ်လာသူရှိသကဲ့သို့ ဆက်လက်ဖမ်းဆီးခံထားရသူ ဒေသခံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲ မဖြစ်ခင်နဲ့  ဖြစ်ပွားပြီးတဲ့နောက် ဒေသခံအများအပြားဟာ မတရားဖမ်းဆီးခံထားရပြီး သက်ဆိုင်ရာ မြို့နယ်တွေမှာ ၁သိန်းမှ ၁၀ သိန်းအထိ သက်ဆိုင်ရာရဲစခန်းနဲ့ တပ်ဖွဲ့တွေကို ပေးဆောင်ကာ ပြန်လွတ်လာသူရှိသကဲ့သို့ ဆက်လက်ဖမ်းဆီးခံထားရသူ ဒေသခံတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Photo USSFU

Delta News

Read Previous

စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ NUG ဆို

Read Next

မန္တလေး PDF ရဲဘော်တွေကို အခြေခံဆေးကုသနည်း သင်တန်းပေး