ရှမ်းမြောက်မှာ လဝက်အတွင်း CDM ဝန်ထမ်းနှစ်ဆယ်ကျော်ဖမ်းဆီးခံရ

 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်လို့  CDM ဝန်ထမ်းတွေကို ဆက် တိုက်ဖမ်းဆီးနေပြီး လဝက်အတွင်း နှစ်ဆယ်ကျော်အထိ ဖမ်းဆီးခံထားရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ လာရှိုး၊ သီ ပေါ၊ နောင်ချို့မြို့နယ်တွေထဲက အကြမ်းမဖက်အာ ဏာဖီဆန်ရေး လှုပ်ရှားသူ (CDM) တွေကို စစ်ကောင်စီကဆက်တိုက်ဖမ်းဆီးနေတာဖြစ်ပြီး  လက် လှမ်းမီသမျှ စာရင်း ကောက်ထားတာဖြစ်လို့ မြေပြင်မှာ  ပိုများနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တာဝန်ရှိသူ တဦးက DNA ကို ပြောပါတယ်။ 

“လတ်တလောတော့ အဖမ်းအဆီးရပ်ထားတာတော့ ဒီရက်ပိုင်းမှာ နှစ်ရက်လောက် ရှိပြီ၊ အဖမ်းခံရတာတွေက အတိအကျတော့ မသိဘူးပေါ့နော်၊ ကျွန်မတို့ လက်လှမ်းမိသ‌လောက် စာရင်းကောက်ထားတာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

ဒီလိုဖမ်းဆီးခံရမှုတွေ ရှိနေတာကြောင့် ရှမ်းမြောက်​ဒေသမြို့နယ်တွေက CDMဝန်ထမ်းတွေဟာ တိမ်း ရှောင်နေကြရတယ်လို့  CDM ဝန် ထမ်းတွေနဲ့ နီးစပ်တဲ့ ဒေသခံ တဦးက ပြောပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့မှာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ စာရင်းကို ပြုစုပြီး အမှတ်  (၉၉) ခြေလျင်တပ်မဌာနချုပ်ကို ပေးပို့ဖို့နဲ့ CDM တွေကို အရေးယူနိုင်ဖို့ဆိုတဲ့ မုံးကိုးမြို့နယ် အုပ်ချုပ်ရေးမှူးကို ပေးပို့တဲ့ ညွှန်ကြားစာလည်း ဇန်နဝါရီ ၅ ရက် နေ့စွဲနဲ့ ထွက်ပေါ်လာပါတယ်။ 

ဒါ့အပြင် လပေါက်ကြားလာတဲ့ စစ်ကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ရဲ့ 

အစည်းအဝေးမှတ်တမ်းမှာလည်း CDM တွေကို ပြည်ပထွက်ခွာခွင့် ဆက်လက်ပိတ်ပင်ထားဖို့၊ ပြည် တွင်းက CDM တွေကို ပစ်မှတ်ထား‌ စောင့်ကြည့် အရေးယူဖို့နဲ့ ပြည်ပနိုင်ငံတွေမှာ ပြည်ဝင်ခွင့် မရဘဲ ပြန်လာတဲ့ CDM ရာနဲ့ချီကိုလည်း နေရပ်လိပ်စာတွေ ပြုစုပြီး စောင့်ကြည်ဖို့ ညွှန်ကြားထားတာတွေ ပါဝင်နေပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အုံနဲ့ကျင်းနဲ့ CDM လှုပ်ရှားမှုအစောဆုံးလုပ်ခဲ့တဲ့ ဝန်ထမ်းတွေထဲပါဝင်တဲ့ ကျန်းမာရေးCDM ဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီး၊ဖိနှိပ်မှုတွေလုပ်နေတယ်လို့ ကျန်း မာရေး CDM ဝန်ထမ်းအသိုင်းအဝိုင်းကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ CDM တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၃၆၀၀ ကျော်ရှိပြီး ၂၁၅၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ‌စောင့် ရှောက်ရေးအသင်းက ပြောပါတယ်။