ထိုင်းရောက် မြန်မာလုပ်သားတဦး လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့်ပြင်းထန်ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသားတဦးဟာ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မိပြီး ဆေးကုသမှုခံယူနေရတယ်လို့ ကူညီပေးနေသူတွေဆီကသိရပါတယ်။

အဲ့ဒီမြန်မာ ရွှေ့ပြောင်းအလုပ်သမားဟာ ဇန်နဝါရီ (၁၇)ရက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ငြမ်းပေါ်က ပြုတ်ကျကာ ပြင်းထန်ဒဏ်ရာတွေရပြီး ဆေးကုသခံနေရတာဖြစ်တယ်လို့ သူ့ကိုကူညီပေးနေသူက DNA ကိုပြောပါတယ်။

“ငြမ်းကပြိုတာမဟုတ်ဘူး၊နိမ့်လဲနိမ့်တယ်၊ဟိုဖက်နဲ့ဒီဖက်သံတန်းတင်ဖို့လုပ်ရင်းသံကကွေးပြီးပြုတ်ကျတာ၊ ကျတာရောသူ့ခေါင်းပေါ်သံအကြီးတချောင်းကပိတာရောအဲ့ဒါကြောင့်ဒါဏ်ရာရပြင်းတာ”လို့ မတော်တဆဖြစ်ခဲ့သူကို ကူညီပေးနေတဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတဦးကပြောပါတယ်။

အဲ့ဒီမတော်တဆမှုကြောင့် မြန်မာနိုင်ငံသား ကယန်းတိုင်းရင်းသား လူငယ်ဟာနံရိုးနှစ်ချောင်းကျိုး၊ဦးနှောက်ထိခိုက်ဒဏ်ရာတွေရခဲ့လို့ ဘန်ကောက်ဆေး ရုံမှာ ဦးနှောက်ခွဲစိတ်မှုခံယူထားရတဲ့အပြင်၊အဆုတ်လဲထိခိုက်ထားကာသတိပြန်မလည်လာသေးတဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။

မတော်တဆဖြစ်ပြီးထိခိုက်ခဲ့သူဟာ ကရင်နီ(ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊လီဝိုးရွာက အ သက်(၂၃)နှစ်အရွယ် ကိုဝင်းနိုင်ဖြစ်ပြီး သူ့ရဲ့ မိသားစုက လက်ရှိမှာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

အဲ့ဒီ့မြန်မာလုပ်သားအတွက်ထိုင်းအလုပ်ရှင်ကဆေး ကုသမှုစရိတ်တဝက်ကျခံပေးထားပေမယ့် မိသားစုက ငွေကြေးချို့တဲ့တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။