Non CDM ဝန်ထမ်းတွေကို အရေးယူမယ်လို့ ဆားလင်းကြီးပြည်သူ့ကာကွယ်ရေး အဖွဲ့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီထောက်တိုင်အဖြစ်ရပ်တည် နေတဲ့ Non-CDM ဝန်ထမ်းကိုထိထိရောက်ရောက်အရေးယူမယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

 Non CDM ဝန်ထမ်းတွေဟာ ပြည်သူ့လစာကို ခံစားနေပေမယ့် ပြည်သူကိုမျက်နှာမမူဘဲ ပြည်သူတွေကို တ ရားဥပဒေမဲ့ တိုက် ခိုက်ရန်မူပြီးရပ်ရွာတွေကို မီးရှို့၊ ပြည်သူတွေရဲ့စားနပ်ရိက္ခာတွေကိုဖျက်ဆီးနေတဲ့ အ ကြမ်း ဖက်စစ်တပ်နဲ့ပူး‌ ပေါင်း ပြီး CDMဝန်ထမ်းတွေကိုခြိမ်းခြောက်၊စည်းရုံးသိမ်းသွင်းတာ အနှောက်အ ယှက်ပေး တာဖမ်းဆီးဖို့ သတင်းပေး တာ တွေလုပ်နေတာတွေ့ရတယ်လို့ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့တာ ဝန်ခံ ကိုစစ်ငြိမ်းက DNA ကိုပြော ပါတယ်။ 

Non-CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ဒေါက်တိုင်ဆက်မလုပ်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း နှစ်ကြိမ် တိုင်သတိပေးခဲ့ပြီးဖြစ်တာကြောင့် အခုတကြိမ်သတိပေးမှုအပြီးမှာာ အရေးယူမှုတွေ စလုပ်တော့မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့က ရုံးသွားရတာမပျော်တော့ဘူး၊ဘယ်ချိန်သေမလဲပစ်သတ်ခံရမလဲကမသိဘူး၊ အလုပ်ကထွက်ရင် စားစရာသောက်စရာမရှိတော့လို့ ဆက်လုပ်နေတာ၊ဘယ်ဘက်မှလဲကျွန်တော်တို့မပါဘူးနားလည်းမလည်ဘူး”လို့ Nom – Cdm ဝန်ထမ်းတဦးကဆိုပါတယ်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေမှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဝန် ထမ်းတွေထဲ CDM တွေနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်သူတွေကို ဖမ်းဖို့ သတင်းပေးသူတွေလည်းရှိနေတယ်လို့  CDM ဝန်ထမ်းတဦးကပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံအဖြစ် ဆက်လက် အမှုထမ်းနေသူတွေဟာ ကိုယ်ကျိုးမစွန့်လိုသူတွေ လည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“လူတိုင်းကတော့သူ့အခက်ခဲနဲ့သူပဲရှိကြတာ၊ကျွန်တော်တို့ဆိုရင် ပြေးနေရတာတနှစ်ကျော်ပြီ၊ အခုမပြေလည်ဘူး မပြေလည်တော့ဘာဖြစ်လဲဈေးရောင်းတယ်၊အဓိကကတော့ကိုယ်ကျိုးမစွန့်ချင်ကြတာ”လို့ CDM ဝန်ထမ်း တဦးက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မကြာမကြာ စစ်ကြောင်းထိုးတာ၊ရွာမီးရှို့တာတွေ လုပ်လေ့ရှိပြီး လက်ရှိမှာလည်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ သောင်းဂဏန်းလောက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။