ကြာအင်းဆိပ်ကြီး တိုက်ပွဲမှာ သေတဲ့ တပ်ရင်းမှူး နာရေး မြောင်းမြကမိသားစု နေအိမ်မှာလုပ်ခွင့်မရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲမှာ သေဆုံးသွားတဲ့ တပ်မ ၂၈၄ ယာယီတပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း ရဲ့ နာရေးကို မြောင်းမြမြို့က မိသားစု နေအိမ် မှာ လုပ်ခွင့်မရဘူး လို့ နီးစပ်တဲ့မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဇန်နဝါလ ၅ ရက်နေ့ ကဧရာဝတီတိုင်း မြောင်းမြမြို့ အမှတ် ၇ ရပ် ကွက်မှာရှိတဲ့ ဒုတိယ ဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း ရဲ့ မိသားစု နေအိမ်မှာ နာရေး ကိစ္စ စီစဥ်နေချိန် စစ်ကောင်စီတပ်တွေကလာရောက် ဖျက် သိမ်းခိုင်း တာလို့ ဆိုပါတယ်။

 “နာရေး အတွက် လာမေးကြတဲ့ ဧည့်သည်တွေ ကို ဧည်ခံ ဖို့ လုပ် နေချိန် မှာပဲ စစ်တပ်ကရောက်လာ ပြီး နာရေး နဲ့ ပတ်သက်တာ ဘာမှ မလုပ်ရဘူး ဆိုပြီး ချက်ခြင်း ဖျက် သိမ်း ခိုင်းတာ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦး ကDNA ကိုပြောပါတယ်။ 

တိုက်ပွဲ မှာ သေသွား တဲ့ ဒုတိယ ဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း ဟာ သူရဲ့ ဖခင်ဖြစ်သူ က ကိုဗစ် ရောဂါ နဲ့ သေ ဆုံးသွား ခဲ့ပြီဖြစ်ကာ မိခင် ၊ ဇနီး မိသားစု နဲ့အတူ မြောင်းမြ မြို့မှာ နေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း သေဆုံးသူတပ်ရင်းမှူးရဲ့ ဇနီးဖြစ်သူဟာ နေအိမ်ကနေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတချို့ရဲ့ပြောပြချက်အရသိရပါတယ်။

 ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မှာ ခလရ ၃၂၊ ခလရ ၂၈၄၊ ခလရ ၂၈၃ တပ်ရင်းတွေဟာ တော် လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှု ကို ခံရစဥ်က ခလရ ၂၈၄ ယာယီတပ်ရင်းမှူး၊ ဒုဗိုလ်မှူး ကြီး မင်းမောင်မောင်ဟိန်း အပါအ၀င် စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့တယ် လို့ မြေပြင်စစ်ရေးသတင်းတွေကိုထုတ်ပြန်ထားပါတယ်။