မန္တလေးး NLD ပါတီခရိုင် ပြန်ကြားရေးတာဝန်ခံကို စစ်ကောင်စီဖမ်းဆီး

မန္တလေးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မန္တလေးခရိုင် ပြန်ကြားရေး တာဝန်ခံ နဲ့အတူ လူငယ် ၃ ဦးကိုစစ်ကောင်စီ ဖမ်းဆီးလိုက်တယ်လို့ အဲဒီလူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၈ ရက်နေ့မှာ NLD ပါတီ ခရိုင်ပြန်ကြားရေး တာဝန်ခံ ဦးစိန်လှအောင်အပါအဝင်၄ဦးကို ချမ်းအေးသာစံမြို့နယ် ၃၂လမ်းနဲ့ ၈၅လမ်းမှာရှိတဲ့  မဟာရန်ကုန်လက်ဖက်ရည်ဆိုင်အသွားလမ်းမှာ ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

မဟာအောင်မြေ မြိုနယ်၊ ၈၆ လမ်း၊ လမ်း၄၀နှင့်၄၁ ၄၁လမ်းကြားရှိ တောင်ခွန်မင်းကြီးတိုက်ပါဠိကျောင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ရက် နံနက် ၉နာရီကနေ ၁၀နာရီအထိ NLD ပါတီခရိုင်အဆင့် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ အခုရက်ပိုင်းမှာ စစ်အုပ်စုကသတင်းတွေဖြန့်ခဲ့ပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံရတဲ့ လူတွေနဲ့ပက်သက်ပြီး မည်သည့်နေရာမှာ ထားတယ်ဆိုတာ အဆက်အသွယ်မရသေးဘူးလို့ နီးစပ်သူတွေကပြောပါတယ်။